Unicode..
ခုနောက်ပိုင်း လူစည်ကားလာတဲ့ ဟိုဆော့ရဲ့ကော်ဖီဆိုင်လေးက နေရာအတိုးအချဲ့နဲ့ပြင်ဆင်မှုတွေထပ်လုပ်နေတာမို့ ဟိုဆော့တစ်ယောက် ဒီရက်ပိုင်း ဆိုင်မှာသာ အနေများပြီး အိမ်မှာတောင်သိပ်မနေဖြစ်ပေ။
တစ်ချိန်ကုန် လိုက်ကပ်နေတဲ့ ကင်မ်ထယ်ယောင်းကတော့ အိမ်မှာမမြင်ရတာမို့ သူဆိုင်မှာရှိတဲ့နေ့တိုင်းကော်ဖီဆိုင်လာထိုင်ပြီး ထောင့်အကျဆုံးဝိုင်းတစ်ဝိုင်းကို အပိုင်ယူထားပြီး ဗိုလ်လာကျနေသည်။
နှင်မထုတ်ရက်သူကလည်း အလုပ်ရှုပ်နေတာမို့ ထယ်ယောင်း ငြိမ်နေရင် ပြီးရောဆိုပြီး လွှတ်ပေးထားခဲ့တာ ခုလည်းထောင့်အကျဆုံးဝိုင်းမှာထိုင်ပြီး လက်ပ်တော့ပ်တစ်လုံးနဲ့ အလုပ်လုပ်နေသည်။ချလွင်~~~ချလွင်~~~
ဆိုင်ကိုဧည့်သည်လာရင် ကြားရအောင်ဆိုပြီး တံခါးအပေါ်မှာတပ်ထားတဲ့ ခေါင်းလောင်းလေးကမြည်လာတာမို့ လှည့်ကြည့်လိုက်တော့ သား
ဖြစ်နေသည်။Simonလက်ကိုတွဲရင်းဝင်လာတဲ့ သားကကျောင်းအင်္ကျီတောင်မလဲထားတာမို့ Simonကို လမ်းမှာ တစ်ခုခု ဂျီကျလာမှန်း သိလိုက်သည်။
"ဘေဘီ ကျောင်းအင်္ကျီမလဲလာဘူးလား..."
"ဟီးဟီး....ပါးပါးဆီအရမ်းလာချင်တာ
စိတ်ထိန်းမနိုင်တော့လို့ မလဲခဲ့ဘူး....""အင်္ကျီအရင်လဲဖို့ ကျွန်တော် ပြောတာကို Mr.Jungရဲ့ သားတော်လေးက ကျောင်းကားပေါ်ကဆင်းတာနဲ့ ပါးပါးဆိုင် ခုချက်ချင်းသွားမယ်ဆိုပြီး ဂျီကျနေလို့ ဒီတိုင်းခေါ်လာလိုက်တာပါ..."
"အားနာလိုက်တာ Simonရယ်...
သားကနည်းနည်းဆိုးတယ် ငါမအားတော့ မင်းပဲဒီရက်ပိုင်း သူ့ကိုထိန်းနေရတာ တော်တော်ပင်ပန်းနေမှာပဲ...""မဟုတ်တာ hopeကချစ်စရာကောင်းလွန်းလို့ ဒီလိုထိန်းပေးနေရတာ ပိုတောင်ပျော်နေသေးတာမို့ အားနာစရာမလိုပါဘူး...."
"ဟုတ်ပါပြီ ကျေးဇူးပါ...."
"အဟမ်း အဟမ်း...."
Simonနဲ့ သားအကြောင်း ပြောနေရင်းမှ ချောင်းဟန့်သံကြားတာကြောင့် ဘေးကိုလှည့်ကြည့်လိုက်တော့ သားမလာခင်ကအထိ အလုပ်ကိုသည်းကြီးမဲကြီးလုပ်နေသူက ထိုင်နေရာမှထလာကာ ဘေးနားလာရပ်နေသည်။