_22_

177 35 11
                                    

Unicode..

"ဂျယ်ဟွန်း အန်တီ့ကို ဒါလေးမြည်းကြည့်ပေးပါဦး"
"ဆားဗူးလေးရော ယူပေးပါဦး"
"အရသာအဆင်ပြေလား အဆင်ပြေရင်စားပွဲပေါ်တင်လိုက်တော့ဟင်းပွဲကို..."

မိုးလင်းရုံသာရှိသေးပေမယ့် ပွက်လောရိုက်နေတဲ့အသံတွေက သူအိပ်နေတဲ့ အခန်းထဲကနေတောင် ကြားနေရတာကြောင့် ဆက်အိပ်စက်လို့မရဘဲ နိုးလာခဲ့သည်။

အိပ်ရာကနေထပြီး မီးဖိုချောင်ကိုသွားကြည့်လိုက်တော့ ထင်သည့်အတိုင်း အမေနဲ့ဂျယ်ဟွန်း အိမ်ကိုရောက်ကာ သောင်းကျန်းနေခြင်းဖြစ်သည်။

"ဟော...သားတောင် နိုးပြီလား...."

"မနိုးဘဲနေမလား အမေရာ....
အမေတို့ လုပ်နေတဲ့ဆူညံသံတွေက အခန်းထဲထိကိုကြားနေရတာ.."

"အဲ့တာဆိုလည်း မျက်နှာသွားသစ်ပြီး မနက်စာလာ စားလိုက်တော့ မေမေပြင်ထားပေးမယ်.."

"မြောင်ဂျယ်ဟွန်း မင်းကို ငါ့အိမ်ရဲ့ တံခါးနံပါတ် ပေးတာက အရေးကြုံလာရင်ကူလို့ရအောင်ပေးထားတာသိလား မျောက်..."

"ဟုတ် သိပါတယ် ခုလည်းသူဌေးကတော်က အရမ်းအရေးကြီးတဲ့ကိစ္စလို့ပြောလာလို့ အိမ်ကိုခေါ်လာပေးတာပါ ဆရာ..."

"အဲ့လောက်ထိ ငါ့အမေဘက်တော်သားဖြစ်ချင်နေရင် အလုပ်ထွက်ပြီး ငါ့အမေဆီမှာပဲ အလုပ်သွားဝင်လိုက်တော့...."

"ဒီကလေးကတော့လေ အိပ်ရာကနိုးတာနဲ့ ဂျယ်ဟွန်းကိုရန်ရှာပြန်ပြီ သွား....
မျက်နှာသာအရင်သွားသစ်...."

မျက်နှာသစ်ပြီး စားပွဲမှာထိုင်ကာ ထမင်းစားတော့ အရှေ့တည့်တည့်မှာထိုင်ရင်းပြုံးကာ သူစားတာထိုင်ကြည့်နေတဲ့ အမေ့ကြောင့် တစ်ခုခုပြောချင်နေကြောင်းသိလိုက်သည်။

"ထမင်းစားနေတာ ဒီလိုကြီးဆက်ထိုင်ကြည့်နေမယ်ဆိုရင် အစာနင်ပြီး သေမှာဆိုးလို့ အမေဘာလိုချင်လဲ အရင်ပြော ပြီးမှဆက်စားမယ်... "

"ငါ့သားလို့မ‌ပြောရဘူး ငါ့အကြောင်း အကုန်သိနေတော့တာပဲ...
ဒီလိုလေ ဆော့လေးနဲ့ မေမေ့မြေးလေးကို တွေ့ရဖို့က ကြာဦးမှာဆိုတော့ ခု video call လေးပဲဖြစ်ဖြစ်ခေါ်ပေးပါလား မေမေသားရဲ့အသေးစားလေးကိုအရမ်းမြင်ချင်နေပြီ...."

Not The Last TimeWhere stories live. Discover now