Unicode..
သားရဲ့ပါးပါးက ကိုယ်က သားရဲ့အဖေဖြစ်မှန်း အသိပေးနိုင်ဖို့အတွက် အချိန်ပေးဖို့ပြောခဲ့ပေမယ့် LAမှာပဲ ပြန်နေတော့မယ့် အသည်းအသက်နှစ်ယောက်ကိုတော့ တိုင်းတစ်ပါးမှာနှစ်ယောက်တည်း စိတ်မချတာကြောင့် ကိုရီးယားမှာရှိသမျှလုပ်ငန်းကိစ္စအကုန် လူယုံတော် ဂျယ်ဟွန်းကို ခဏလွှဲပေးခဲ့ပြီး အသည်းအသက်နှစ်ယောက်လုံးနဲ့ တစ်လေယာဉ်တည်း တူတူသွားဖို့အတွက် ပြင်ဆင်နေခဲ့တာ မနေ့က ဆော့ကိုအိမ်ပြန်ပို့ပေးပြီး ကတည်းကပင်။
လေယာဉ်ပေါ်မတက်ခင် စီးရမယ့်လေယာဉ်ဆီ နှစ်ယောက်သား လက်အတူတူတွဲရင်း သွားနေကတည်းက အနောက်ကနေတိုးတိုးလေးချောင်းရင်းလိုက်လာခဲ့တာ လေယာဉ်ပေါ်မှာ သူတို့ဘေးနားဝင်ထိုင်တဲ့အထိကို သူရှိနေမှန်း သတိမထားမိကြသေးပေ။
ထိုင်ပြီး နှစ်မိနစ်လောက်အကြာမှ ဉာဏ်ကောင်းလွန်းပုံရတဲ့ သားကသူဒိုင်နိုဆောအရုပ်လေးနဲ့ ဆော့နေရင်းမှ ကိုယ့်ကိုမြင်သွားပြီး မှတ်မိသွားဟန်ဖြင့် ပြူးကြည့်လာတာမို့ မရင်းနှီးသေးတဲ့သားကို ကိုယ်ရဲ့မူပိုင်လေးထောင့်အပြုံးလေးဖြင့် ပြုံးပြလိုက်တော့ ခုံပေါ်မတ်တပ်ရပ်ရင်း သူ့ပါးပါး နားရွက်နားဆီကပ်သွားကာ စကားတိုးတိုးလေး သွားပြောနေသည်။
သားပြောလိုက်ပြီးမကြာ ကိုယ့်ဘက်ကို သတိထားမိသွားပြီး သားရဲ့ပါးပါးက ခုနကသား သူ့ကိုကြည့်တဲ့အတိုင်း တစ်ပုံစံတည်းပြူးကြည့်လာတာမို့ ချစ်စရာကောင်းလွန်းတဲ့ သားအဖကို အသည်းယားကာ ချက်ချင်း ဆွဲဖက်ချင်မိသည်။
"ကင်မ်ထယ်ယောင်း!!!
မင်းဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာ..""LA သွားဖို့လေ"
"မဟုတ်ဘူးလေ မင်းက ဘာကိစ္စရှိလို့ LA သွားမှာ ငါတို့ကိုလိုက်ရှုပ်ရင်တာဆိုရင်တော့ အသေပဲနော်..."
"လိုက်မရှုပ်ပါဘူး ကိုယ်အဲ့မှာအလုပ်ကိစ္စရှိလို့ သွားနေတာ...
အဲ့တာကြောင့် စိတ်ချလက်ချ လွတ်လွတ်လပ်လပ်နေပါ ဆော့ရဲ့...""မင်းစကားကိုယုံမယ့်အစား ငါ ကျားအမြှီး သာပြေးဆွဲလိုက်မယ်...."