_18_

292 48 29
                                    

Unicode...

မေ့နေခဲ့တဲ့ လွန်ခဲ့တဲ့ ခြောက်နှစ်ကညကို သတိပြန်ရလာတယ်ဆိုပေမယ့် ကိုယ့်အပြစ်ကို ခုမှသိတာမို့  အပြစ်ရှိသူအနေနဲ့ ဆော့မျက်နှာကိုတောင် အရင်ကလို ထိပ်တိုက် အပေါ်စီးကနေ မကြည့်ရဲတော့ပေ။

အတိတ်ကနာကျင်စရာများကိုသတိရပြီး အသိစိတ်လွတ်နေခဲ့တဲ့ ဆော့ကိုနှစ်သိမ့်သည့်အနေရော သူအမှားအတွက်အားနာမှုကြောင့်ပါ နှစ်ယောက်အတူတူ ခုနကဖက်ငိုခဲ့ကြပေမယ့် ခုတော့ တစ်ကုတင်တည်းတောင် တူတူမထိုင်ရဲတာမို့ သူက ကုတင်အောက်ကြမ်းပြင်တွင် ဒူးထောက်ထိုင်ထားပြီး ဆော့က ကုတင်ခေါင်းရင်းကိုမှီရင်း ခြေထောက်ဆင်းကာခေါင်းအုံးလေးပိုက်ရင်း ထိုင်နေသည်။

အပြစ်လုပ်ထားတာတောင် ထိုင်နေပုံလေးကချစ်စရာလေးမို့ ဒူးထောက်ထားရင်းမှ မသိမသာ  ကုတင်ပေါ်ကို တစ်ချက်ချက် ခိုးကြည့်နေမိသည်။

"ငါ....ငါ တစ်ကယ်တောင်းပန်ပါတယ် ဆော့.."
တိတ်ဆိတ်လွန်းနေသည့် အခြေအနေကိုဖြိုခွဲသည့်အနေဖြင့် ထယ်ယောင်း စကားစပြောလိုက်ပေမယ့် ငိုထားတာကြောင့်နီရဲနေသောမျက်ဝန်းများဖြင့် ဟိုဆော့က သူရှိရာဆီတစ်ချက်လှည့်ကြည့်ကာ ခေါင်းကိုပြန်လှည့်သွားပြီး ဘာမှမရှိသည့် တံခါးပေါက်ဘက်ခြမ်းကိုသာ အကြည့်တွေပို့ထားသည်။

"ငါကမင်းအတွက်ရော သားအတွက်ရောပါ တစ်ကယ့်ကို ညံ့လွန်းတဲ့ ယောင်္ကျားသား ဖြစ်ခဲ့တာမို့ မင်းတို့ တော်တော့်ကို ဒုက္ခများခဲ့ပြီ...
ပြီးတော့ အဲ့လိုအရေးကြီးတဲ့ကိစ္စကိုမှ မမှတ်မိခဲ့လို့တောင်းပန်ပါတယ်..."

"..."

"ကိုယ် မျက်နှာပြောင်တိုက်ပြီး တစ်ခုလောက်ခွင့်တောင်းလို့ရမလား‌ ဆော့..
သားနဲ့ မင်းကို ကိုယ်ခုကစပြီး တာဝန်ယူပါ့မယ်.."

"မင်းကို ဘယ်သူက တာဝန်ယူခိုင်းနေလို့လဲ
ငါတို့သားအဖနှစ်ယောက်လုံး မင်းကို အရင်တုန်းကမလိုခဲ့သလို ခုလည်းမလိုတာမို့ ငါ့ကိုသာ နှောင့်ယှက်နေတာတွေ ရပ်တန်းကရပ်လိုက်ပါတော့ ခုလည်းမိုးချုပ်နေပြီ သားရော ငါ့သူငယ်ချင်းတွေရော ငါပျောက်လို့ စိတ်ပူနေလောက်ပြီ...
အဲ့တာကြောင့် အဓိပ္ပာယ်မရှိတဲ့စကားတွေပြောနေတာရပ်လိုက်ပြီး အိမ်ကိုသာပြန်ပို့ပေးစမ်းပါ...."

Not The Last TimeWhere stories live. Discover now