_7_

348 60 5
                                    

Unicode..

ခန်းမထဲကိုခြေလှမ်းလိုက်တာနဲ့ တိတ်ဆိတ်‌ငြိမ်သက်နေတဲ့လေထုနဲ့ နေရာတိုင်းမှာအုပ်စုလိုက်တစ်စု တစ်စုစီရပ်နေကြပြီး တန်ဖိုးကြီးအဝတ်အစားကိုယ်စီဝတ်ဆင်ထားတဲ့လူတွေကြောင့် ဟိုဆော့၏စိတ်ထဲတွင်ကြောက်ရွံ့မှုက ပိုမို စိုးမိုးလာတော့သည်။

ဆန့်ကျင်ဘက်အနေနဲ့ သခင်လေးကတော့ အေးဆေးတည်ငြိမ်စွာရှိနေပြီး သူ့အရှေ့ကဦးဆောင်လျှောက်ကာ ပွဲကသတ်မှတ်ပေးထားသောကုမ္ပဏီနာမည်ကိုယ်စားပြုဝိုင်းကခုံတွင် ထိုင်လိုက်တာမို့ သူလည်းသခင်လေးဘေးနားကခုံတွင် ဝင်ထိုင်လိုက်သည်။
ခဏကြ နှစ်ယောက်လုံး အအေးကိုယ်စီသောက်နေရင်းမှ သခင်လေးမှ စကားစပြောလာသည်။

"ငါ့မှာလုပ်စရာအလုပ်ရှိသေးတယ် ဟိုဆော့...
ငါဟိုလက်ခဏသွားမလို့ ဒီနေရာကနေဘယ်မှလျှောက်မသွားဘဲ ငြိမ်ငြိမ်လေးဘဲထိုင်နေ....
ခဏနေပြန်လာခဲ့မယ်ပြောတာ ကြားလား...."

"ဟုတ် သခင်လေး....
ကျွန်တော်ဒီကနေဘယ်မှထမသွားပါဘူး.."

"အင်း ပြီးရော...
ကောင်းကောင်းနေခဲ့..."

အရင်က အားလပ်ချိန်တွေဆို အဖေကလုပ်ငန်းအကြောင်းတွေ သင်ခဲ့ပေးတာကြောင့် မိဘတွေရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး သူနည်းနည်းပါးပါးတော့နားလည်သည်။
အမေကလည်း ကုမ္ပဏီအချို့ကလူကြီးတွေနဲ့ စကားအလိုက်အထိုက်သွားပြောပြီး ရင်းနှီးမှုရအောင်မြူစွယ်ထားဆိုပြီး တာဝန်ပေးလိုက်တာမို့ သူ့ဘေး‌နားမှာငြိမ်ငြိမ်ကုပ်ကုပ်လေးထိုင်နေတဲ့ ဟိုဆော့ကို ဘယ်မှမသွားဘဲထိုင်နေဖို့ လှမ်းမှာပြီးတာနဲ့ နာမည်ကြီး ကုမ္ပဏီတွေထဲက လူကြီးတစ်ချို့ထိုင်နေသောဝိုင်းသို့ စချဉ်းကပ်ကာ စကားသွားပြောနေခဲ့သည်။

လူကြီးလူမွန်တွေဖြစ်တဲ့အလျောက် အကုန်လုံးက ငယ်ရွယ်ပေမယ့်အလုပ်နဲ့ပတ်သက်ပြီး အကုန်သိ နေတဲ့ ကင်မ်အိမ်တော်က သခင်လေးကြောင့် သဘောတွေကျကာ ချီးကျူးနေကြတာမို့ အချိန်တစ်ချို့ကြာသည်အထိ စကားလက်ဆုံကျနေကြတာမို့  သခင်လေးလည်း ဟိုဆော့ကိုခဏမေ့သွားသည်။

တစ်ယောက်ထဲကျန်နေခဲ့တဲ့ ဟိုဆော့ကပတ်ဝန်းကျင်ကိုလိုက်ငေးရင်း ခက်ရင်းဖြင့်စားစရာများကိုထိုးဆွကာ စားနေရင်းမှ သခင်လေးပြန်အလာကိုစောင့်မျှော်နေသည်။

Not The Last TimeWhere stories live. Discover now