_10_(1)

366 57 23
                                    

Unicode...

မနက်စောစောစီးစီး တောထဲသွားရမယ်ဆိုတာနဲ့ တက်ကြွပြီး ခုန်ဆွခုန်ဆွဖြစ်နေသူမှာ ‌ဂျွန်ဂျောင်ကု ဆန့်ကျင်ဘက်အနေနဲ့ သူ့ဘေးမှာတော့ သူငယ်ချင်းဖြစ်သူဟို‌ဆော့ကတော့ လွယ်အိတ်ကြီးတစ်လုံးကိုလွယ်ကာ မြေကြီးပေါ် ခြေပစ်လက်ပစ်ထိုင်ချနေပုံမှာ တစ်နေရာတည်းကမ္ဘာနှစ်ခုကွဲနေပုံ.....

"ငြိမ်ငြိမ်နေစမ်းပါ ဂျောင်ကုရာ..
ဖားလိုခုန်မနေနဲ့ ငါမင်းကိုကြည့်ရင်းကြည့်ရင်းမူးလာပြီ"

"လေ့ကျင့်ခန်းလုပ်နေတာကွ
သွေးပူအောင် ခုန်နေတာ အဲ့တာမှ လမ်းအကြာကြီးလျှောက်နိုင်ပြီး အမောခံနိုင်မှာ..."

"မနိုင်ဘူး တကယ်မနိုင်တာ...
အဆင်ပြေသလိုသာလုပ်..."
ငြိမ်ငြိမ်နေဖို့ပြောနေတာကိုလည်း ငြိမ်ငြိမ်မနေတာကြောင့် မျောက်လောင်းကိုလျစ်လျူရှုရင်း သခင်လေးကိုမတွေ့တာကြောင့်မသိမသာ လိုက်ရှာမိတော့ တစ်ဖက်ခြမ်းကအုပ်စုတွင်ရပ်နေကာ သူငယ်ချင်းဖြစ်သူများနဲ့ ရယ်မောကာစကားပြောနေတော့သည်။

"တစ်ချို့လူတွေများ ဘယ်အချိန်ချိန်ကြည့်ကြည့်ချောမော‌လိုက်ကြတာဆိုတာ သူငယ်ချင်းဆိုတဲ့ဟာနဲ့များကွာပ..."
ဘေးနားကဂျောင်ကုကို မျက်စောင်းတစ်ချက်ထိုးပြရင်း တစ်ယောက်တည်းပွစိပွစိ လုပ်နေချိန်ဆရာမက တောထဲကရေတံခွန်ကို သွားမှာဖြစ်ကြောင်း ပြောလာသည်။
"ကလေးတွေ လူစုံပြီဆိုတော့ သွားကြရအောင် တောထဲရောက်ပြီဆို ကိုယ့်သူငယ်ချင်းကို သတိထားပြီးတွဲခေါ်ကြ ကျန်ခဲ့တာတို့ လူပျောက်တာတို့မဖြစ်ချင်ဘူး သေချာဂရုစိုက်ကြနော်..."

"Nae..."
ဆရာမကလည်းသွားဖို့ကိုပြောနေပြီမို့ ရှိသမျှဘုရားအကုန်ဆီာဆုတောင်းကာတမ်းတရင်း ရင်တထိတ်ထိတ်နဲ့သာ ဂျောင်ကုအင်္ကျီစကိုဆွဲထားရင်း ဂျောင်ကုနောက်ကလိုက်ပါသွားသည်။

"ဂျောင်ကုကီး ငါ့ကိုတစ်ယောက်တည်းလုံးဝမထားခဲ့နဲ့နော် ဘေးနားမှာတစ်ချိန်ကုန်ရှိနေပေး"

"အေးပါကွာ စိတ်မပူနဲ့ ငါ့ကိုသာကိုင်ထား.."
ဂျောင်ကုလည်းဟိုဆော့အကြောက်ကြီးနေမှန်းသိတာမို့ သွားသည့်လမ်းခရီးတစ်လျှောက်လုံးအဖော်လုပ်ပေးနေပြီး ပြဿနာကလမ်းတစ်ဝက်မှာတင်စတော့သည်။
သူတို့အရှေ့ကသွားနေတဲ့ကောင်မလေးတစ်စုတွင် ကောင်မလေးတစ်ယောက်ကမေ့လဲသွားတာမို့ ဂျောင်ကုလည်း ဘာကူညီပေးရမလဲဆိုပြီး အပြေးသွားကြည့်တော့ သူလည်း ဂျောင်ကုအနောက်ကနေ အပြေးလိုက်သွားချိန် သစ်ကိုင်းခြောက်တွေနဲ့ရှုပ်လွန်းနေတဲ့ ချုံပုတ်ကိုမမြင်လိုက်သဖြင့် ခြေထောက်နဲ့ငြိပြီး ပြုတ်ကျတော့သည်။

Not The Last TimeWhere stories live. Discover now