_6_

367 56 6
                                    

Unicode..

နွေရာသီဆိုတဲ့အတိုင်းခုချိန်ကအရမ်းပူပြင်းနေချိန်မို့ လူတိုင်းညည်းညူကာ အပူဒဏ်ကိုအံတုရင်း ဒီရာသီကြီးကို ဖြတ်သန်းနေကြသည်။
ဟို‌ဆော့တစ်ယောက် အရင်အတိုင်းခုထိကျောင်းသွားရင် သခင်လေးနဲ့တူတူသွားရတာမို့ ကားပေါ်ကအဲကွန်းအရှိန်ကြောင့် နွေရာသီပေမယ့်ဘာအပူဒဏ်မှမခံစားရတာကြောင့် နေရထိုင်ရတာ တော်တော်သက်သာလှသည်။
တစ်ကယ်လို့ သခင်လေးနဲ့ကျောင်းတူတူမလာဖြစ်ခဲ့ရင် သူ့ဘဝကိုလည်းတစ်ချက်စဉ်းစားကြည့်ကြပါဦး ကျောင်းဝတ်စုံကြီးနဲ့ နေပူထဲပြေးလွှား ဘက်စ်ကားလုစီးနေရလောက်ပြီ နဂိုကတည်းက ကျန်းမာရေးခြူခြာသူမို့ အဲ့လိုပုံစံမျိုးနဲ့ကျောင်းသွားရမယ်ဆိုတာကို တွေးရုံနဲ့ရင်လေးမိတာကြောင့် ဒီတစ်ခါတော့ သခင်လေးနဲ့တူတူ‌အမြဲကျောင်းသွားဖို့ အမိန့်ပေးထားတဲ့ သခင်မကြီးကိုကျေးဇူးအများကြီးတင်နေမိသည်။

ကျောင်းဂိတ်ဝနားရောက်တော့ သခင်လေးကကားပေါ်ကအရင်ဆင်းကာ ကျောင်းထဲမဝင်သေးဘဲ သူထိုင်နေသည့်ခုံဘေးက ကားပြတင်းပေါက်ကိုလက်ဖြင့်လာခေါက်သည်။
ဟိုဆော့လည်းသခင်လေးကခေါ်နေတာမို့ ကားပေါ်ကအမြန်ဆင်းလိုက်တော့ သခင်လေးက သူ့‌ကျောပိုးအိတ်ကနေတစ်ခုခုနှိုက်ပြီးတော့ လက်ကိုင်ပန်ကာအသေးလေးတစ်ခုကို သူ့ကိုကမ်းပေးလာသည်။

"ရော့ မင်းအတွက် ဘယ်သွားသွား
ဒီဟာအမြဲယူသွား..."

"ဗျာ ဟုတ်ကဲ့ ကျေးဇူးပါသခင်လေး ကောင်းကောင်းသုံးပါမယ်"

"အင်း ဘူးထဲမှာအားသွင်းကြိုးလည်းပါတယ် အားကုန်ရင်ပြန်သွင်းသုံးလို့ရတယ် မင်းအလုပ်သွားရင်လည်းယူသွား ခုအရမ်းပူနေတာ..."

"ဟုတ်...ဟုတ်ကဲ့.."

ရုတ်တရက်ကြီး ပန်ကာအသေးလေးတစ်ခုကို တကူးတကသူ့အတွက်ဆိုပြီး ပေးတဲ့သခင်လေးကြောင့် ရင်တုန်ပြီးနှလုံးခုန်မြန်နေတာတော့အမှန်ပင်။
အမြဲတမ်း သူ့ကိုဆို နှိပ်စက် ရိုင်းရိုင်းစိုင်းစိုင်းပြောနေကြသခင်လေးက သူ့ကိုဂရုစိုက်ပေးတာဒီတစ်ခါပထမဦးဆုံးအကြိမ်မလား.....

"ဘုရားရေ...သခင်လေးဦးနှောက်တွေ
ဘာတွေထိသွားတာတော့မဟုတ်ပါဘူးနော်..
ဘာပဲဖြစ်ဖြစ် ပန်ကာလေးကချစ်ဖို့ကောင်းလိုက်တာ..."

Not The Last TimeWhere stories live. Discover now