_13_

347 52 30
                                    

Unicode..

အိပ်ရာကနိုးလာတာနဲ့ ရေမိုးချိုး အဝတ်လဲပြီး အပြင်ထွက်ဖို့ တံခါးကိုဖွင့်လိုက်တော့ တံခါးကပွင့်မလာတာကြောင့် အပြင်ဘက်ကနေ တစ်ယောက်ယောက် သော့ခတ်ထားမှန်းသိလိုက်သည်။
တံခါးကိုထုရိုက်ရင်း အော်နေတော့လည်း ဘယ်သူ မှသူ့ဆီရောက်မလာသလို တံခါးကလည်းပိတ်ခံထားရဆဲဖြစ်တာကြောင့် သူ့ ဖုန်းကိုမြန်မြန်ရှာကာမေမေ့ဆီကို လှမ်းခေါ်လိုက်သည်။

"ဟယ်လို...မေမေ
သားအပြင်ထွက်လို့မရဘူး အခန်းတံခါးကိုအပြင်က‌နေပိတ်ထားတာမလား အဲ့တာဘာလုပ်ထားကြတာလဲ..."

"ယောင်း...မေမေပြောတာသေချာနားထောင်စမ်း
မင်းအဖေ‌ အိမ်ကိုပြန်လာမယ်တဲ့ သားသိတယ်မလား သူပြန်လာမယ်ဆို ဘယ်တော့မှကောင်းသောပြန်လာခြင်းမျိုး မဟုတ်ဘူး မနေ့ညကမေမေ့ကို ဖုန်းဆက်ပြီး သူ့လူတွေလွှတ်ထားပြီး သားကိုချုပ်ထားဖို့ပြောတယ် ခုသားအခန်းရှေ့မှာလည်း စောင့်ကြည့်နေတဲ့ သူ့လူတွေအများကြီး ပဲ မေမေ ခုတော့ ဘာမှမလုပ်ပေးနိုင်သေးတာမို့ သားငြိမ်ငြိမ်လေး ခဏနေပေးနော် ဘာမှမသောင်းကျန်းနဲ့ဦး...."

"တောက်စ်....
တကယ်ပဲ အမေရာ အဲ့လူ ဘာတွေလုပ်ဦးမလို့ သားကိုချုပ်ထားတာလဲမသိဘူး တကယ်သည်းမခံနိုင်တော့ဘူးနော် ဒီတစ်ခါ...."

"စိတ်လျော့ပါ သားလေးရယ် မေမေ ပြီးရင်အိမ်တော်ထိန်းကို မနက်စာပို့ခိုင်းလိုက်မယ် ထွက်ပြေးတာဘာညာမလုပ်ဘဲ လိမ်လိမ်မာမာလေးခဏနေပေးနော်...."

မေမေမှာကြားနေတာတွေ ထပ်ပြီးနားမထောင်ချင်တော့တာကြောင့် ဖုန်းကိုကုတင်ပေါ်ပစ်တင်လိုက်ပြီး ကုတင်ပေါ် ကို  သူ့ခန္ဓာကိုယ်ပါလှဲချလိုက်ပြီး ငယ်ဘဝကဖြစ်စဉ်များဆီ အတွေးလွန်နေခဲ့သည်။
ကလေးဘဝဆိုတာ မိဘနှစ်ပါးရဲ့ချစ်မေတ္တာတွေနဲ့လှလှပပကြီးပြင်းလာရတဲ့အချိန်ဆိုပေမယ့် သူ့ကလေးဘဝတွင်တော့ မိခင်ရဲ့ချစ်ခြင်းမေတ္တာတွေသာရခဲ့ပြီး ဖခင်ရဲ့ပစ်ပယ်မှုကိုခံခဲ့ရသည်။
အရာရာကိုငွေနဲ့ပဲတန်ဖိုးဖြတ်တဲ့ အဖေဆိုသူဟာ ငယ်ဘဝတုန်းက ကလေးတစ်ယောက်စက်ဘီးစီးနေတာကို အနောက်ကနေသူ၏အဖေဖြစ်သူက ကိုင်ပြီးသင်ပေးနေတာကို မြင်ခဲ့တုန်းက အားကျလွန်းလို့ သူ့ကိုလည်းအဲ့လိုသင်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အလုပ်ရှုပ်နေတယ် ထွက်သွားဆိုပြီး အော်ဟစ်ပြီးတွန်းချခဲ့တာကို ဒီတစ်သက်မမေ့ခဲ့ဘူး။
အဲ့ကိစ္စဖြစ်ပြီးကတည်းက အဖေဆိုသူကို ငယ်စဉ်ကတည်းက ရှောင်နေခဲ့တာ ခုချိန်ထိဆိုပေမယ့် ခုဘာကိစ္စကို ထပ်ပြီးမကျေနပ်လည်းမသိ သူ့ကိုဒီလိုချုပ်ထားရတာ။

Not The Last TimeWhere stories live. Discover now