_23_

208 38 7
                                    

Unicode..

မနက်တုန်းက ဝင်လာတဲ့ရှဥ့်ပေါက်စရဲ့
"အဖေက‌ ကော်ဖီဆိုင်ရွေးထားပြီးပြီ မင်းကို ညနေလာတွေ့ဖို့ ပြောတယ်" ဆိုတဲ့မက်ဆေ့ကြောင့် ချိန်းထားတဲ့အချိန်ရောက်အောင် ကော်ဖီဆိုင်ကိုလာခဲ့သည်။

‌သူ့ကိုတွေ့တာနဲ့ပြုံးပြရင်း လက်ယှက်ခေါ်နေတဲ့ ဆော့ရဲ့အဖေ့ကြောင့် ကိုယ်တို့နှစ်ယောက်ကိုသဘောတူခဲ့လို့ပျော်တဲ့စိတ်ရော အဖေလုပ်ခဲ့တဲ့အမှားတွေကြောင့် ရှက်တဲ့စိတ်ရော တစ်ပြိုင်နက်ဖြစ်လာပေမယ့် ပြုံးပြကာနှုတ်ဆက်ရင်း ဝင်ထိုင်လိုက်သည်။

"မတွေ့ရတာနှစ်ချီကြာသွားပေမယ့် ဦးလေးဂျောင်က အရင်တိုင်းပဲ ‌နုပျိုတုန်းနော်..."

"ဟော...တွေ့တာနဲ့ချီးကျူးစကားနဲ့စပြီး မင်းဘက်ပါအောင်လုပ်တာလား.."

"မဟုတ်ပါဘူး ဦးလေးရယ်..
အမှန်တိုင်းပြောပြတာ‌ပါ.."

"ဟုတ်ပါပြီကွယ် မင်းလည်းအရမ်းချောမောလွန်းလာပါတယ် သခင်လေး...
ဦးလေးမင်းကိုဆက်ဆက်တွေ့ချင်ရတာ တိုင်ပင်ဆွေးနွေးချင်တာလေးရှိလို့ပါ..."

"ဟုတ်ကဲ့..ပြောပါ ဦးလေး..."

"ဒီလိုကွယ် မင်းအဖေနဲ့ ဦးလေး ဟိုတစ်လောကဆုံဖြစ်သေးတယ် အဲ့တုန်းက သူပြောနေတဲ့ပုံစံကိုကြည့်ရသလောက်တော့ မင်းနဲ့ ဟိုဆော့ရဲ့ကလေး ရှိနေတာကို မသိသေးဘူးထင်တယ်.."

"သိသွားပါပြီ ကျွန်တော်ဒီနိုင်ငံကိုပြန်ရောက်လာတာလည်း အဖေသိသွားလို့ပါ ကျွန်တော်LAရောက်နေတဲ့တစ်လျှောက်လုံး နောက်ကနေ အဖေက သူ့လူယုံတွေလွှတ်ပြီး လိုက်စုံစမ်းရင်းသိသွားကြတာ
ဒါပေမယ့် ဦးလေးစိတ်မပူပါနဲ့ ကျွန်တော်ဒီကိစ္စကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းပါမယ်..."

"အေးပေါ့ သူလည်းသူ့မြေးရှိမှန်း နောက်လည်းသိမှာပဲ စောသွားတာပဲရှိတာ မင်း ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ ဦးလေးလည်းယုံကြည်ပါတယ် တစ်ကယ်လို့ ဦးလေးကူပေးနိုင်တာလည်းရှိလည်းပြောပေါ့ မြေးလေး ဘေးကင်းအောင်လုပ်ပေးရမယ့်အထဲ ဒီက အဖိုးကြီးလည်းတာဝန်ရှိတယ်လေ..."

Not The Last TimeWhere stories live. Discover now