_3_

381 67 7
                                    

Unicode..

ဒီနေ့ကတော့ ကျောင်းမှာစာသင်ချိန်နည်းနည်းသာပါပြီး ကျန်တာက အားကစားအချိန် PEချိန်ပါတာမို့ ကျောင်းသားတိုင်းကိုယ်စီ၌ ကိုယ့်အားကစားဝတ်စုံ ကိုယ်စီဖြင့်ရှိနေကြသည်။ ဆန့်ကျင်ဘက်အနေနဲ့ ဟိုဆော့ကတော့ပုံမှန်ကျောင်းဝတ်စုံသာဝတ်ထားပြီး ခုံပေါ်လက်မောင်းတင်လှဲကာအိပ်ရင်း သူ့ခုံဘေးက ပြတင်းပေါက်ကိုသာငေးစိုက်ရင်း စိတ်လွတ်ကိုယ်လွတ်ဖြစ်နေသည်။

မနက်ပိုင်းက အပြင်မသွားခင်‌လော့ကာကိုသေချာသော့ခတ်ခဲ့ပေမယ့် ပြန်လာတော့လော့ကာကအဖျက်ခံထားရပြီး သူ့အားကစားဝတ်စုံလည်း ကိုလာရည်များစွန်းထင်နေသည်။
ထုံးစံအတိုင်းဘယ်သူတွေလုပ်ထားတာလဲဆိုတာကိုလည်းသိနေတာမို့ စိတ်ကိုသာလျော့လိုက်ကာ ဝတ်စရာဝတ်စုံလည်းမရှိတော့တာမို့ ခုံပေါ်သာလှဲနေလိုက်သည်။

"PE ဆရာအပြစ်ပေးတာတော့ခံရဦးမယ်
ဟူး...ခက်ခဲလိုက်တဲ့ငါ့ဘဝ..."

"တီး......"

ဆရာအပြစ်ပေးတာ ခံရမည်ကိုကြိုတွေးကာ ညည်းညူနေတုန်းရှိသေး နောက်တစ်ချိန်ပြောင်းမည့်ခေါင်းလောင်းဘဲလ်က တစ်ချိန်တည်းထမြည်တော့သည်။
အခန်းထဲရှိလူတိုင်း အားကစားကွင်းထဲပြေးဆင်း‌နေကြသည်မို့ ထိုင်နေရာမှထကာသူလည်း အားကစားကွင်းထဲသွားဖို့ အခန်းပြင်ကိုထွက်ထွက်ချင်း ခေါင်မိုးထပ်မှာတွေ့ခဲ့သည့်တစ်ယောက်နဲ့ အခန်းရှေ့တွင်မထင်မှတ်ဘဲဆုံမိသည်။
သူလည်း ကိုယ့်ကိုမထင်မှတ်ဘဲတွေ့လိုက်တာမို့ထင်ပါရဲ့ အံ့ဩသွားပုံပေါ်ပြီး အခန်းထဲကလူတွေလှည့်ကြည့်လိုက် သူ့ကိုခေါင်းအစခြေအဆုံးပြန်ကြည့်လိုက်နဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။

"ဟိုဆော့ မင်းအားကစားဝတ်စုံမပါလာဘူးလား
ကြည့်ရတာမင်းအတန်းက PEအချိန်မလား"

"အားကစားဝတ်စုံကမပါတာမဟုတ်ဘူး
ညစ်ပတ်သွားလို့မလဲတော့တာ..."

"အော်...ဒါဆို ဒီလိုလုပ်မလား
ငါ့ဝတ်စုံခဏယူဝတ်လိုက်လေ
မဟုတ်ရင်မင်းဆရာနဲ့ ဆူခံနေရဦးမယ်.."

"မဟုတ်တာ မယူပြရစေနဲ့
ငါမလိုဘူး..."

"ကယ်...လာပါကွာ...
ထပ်ငြင်းမနေဘဲငါဝတ်စုံသာခဏသုံးထားလိုက်ငါ့အတန်းက ဒီနေ့PEအချိန်မပါတာမို့ အားနာစရာလည်းမလိုဘူး"
အားနာလို့ငြင်းဆန်နေတုန်းရှိသေး သူ့လက်ကိုအတင်းဆွဲ‌ကိုင်ကာ အရှေ့ကဦးဆောင်ခေါ်သွားသူကြောင့် ထပ်မငြင်းတော့ဘဲဒီတစ်ချိန်တော့ သူ့အကူအညီယူဖို့ ဆုံးဖြတ်လိုက်သည်။

Not The Last TimeWhere stories live. Discover now