_8_(2)

351 63 18
                                    

Unicode...

ဆိပ်ကမ်းဆီရောက်တော့ ကျောင်းသားတိုင်း ကားပေါ်ကဆင်းနေပြီမို့ အိပ်ပျော်နေသော ဟိုဆော့ကို အတန်းခေါင်းဆောင်ကလာနှိုးပေးတာမို့ ကျေးဇူးတင်စကားဆိုလိုက်ကာ အိပ်နေရာမှမြန်မြန်ထကာ ကားပေါ်ကဆင်းပြီး ကိုယ့် luggage ကိုသွားယူလိုက်သည်။

ဆိပ်ကမ်းနားကပ်ထားတဲ့ သူတို့စီးမည့် ဇိမ်ခံသဘော်ကြီးကိုမြင်တော့ ဟိုဆော့တစ်ယောက်ပါးစပ်ကြီးပွင့်ဟသည်အထိတအံ့တဩဖြစ်နေရှာသည်။
သဘော်က ခုနှစ်ထပ်ပါပြီး နှစ်ထပ်ကသူတို့ကျောင်းကကျောင်းသားတွေအတွက်ငှားထားပေးတာမို့ ပထမထပ်နဲ့ဒုတိယထပ်မှာ လွတ်လွတ်လပ်လပ်နေလို့ရကြောင်း ဆရာမကပြောလာပြီး နေရမယ့်အခန်းနံပါတ် ကိုကျောင်းသားတစ်ယောက်ချင်းစီကို သေချာပြော‌ပြနေသည်။
ဟိုဆော့တစ်ယောက်တော့ တစ်ခါမှဒီလောက်ထိကြီးတဲ့ သဘော်ကြီးကိုသူ့ဘဝတစ်လျှောက်လုံးခုမှပထမဆုံးမြင်ဖူးသလို ပထမဦးဆုံးအကြိမ်စီးရမှာမို့ သဘော်ပေါ်ရောက်သည်အထိ စိတ်လှုပ်ရှားနေကာ ကြောက်စိတ်ဝင်နေတော့သည်။
အတန်းဖော်တွေက လှေကားကနေ ပထမထပ်ကိုရောက်သွားကြပြီဖြစ်ပေမယ့် သူကတော့ခုထိမြေညီထပ်ကထောင့်လေးတစ်နေရာမှာ ငြိမ်ငြိမ်လေးရပ်နေကာ ကြောက်စိတ်ဝင်နေမှုကို လျှော့ချနေသည်။

"ငါ့ခြေထောက်တွေရွေ့လို့မရတော့ဘူး
အိုမားရေ ကယ်ပါဦး သဘော်က ထွက်တောင်မထွက်သေးတာကို တစ်နေရာနဲ့တစ်နေရာမရွေ့ရဲဘူး ဘယ်လိုဆက်လုပ်ရမလဲ
ဂျွန်ဂျောင်ကု ခွေးသားလေး...
ခရီးကျလိုက်ဖို့ပြောပြီး ခုအရိပ်တောင်မမြင်ရဘူး
တော်တော်အားကိုးရတဲ့သူငယ်ချင်း တွေ့မှအသေရိုက်ပစ်ဦးမယ် အီး...ဟီး..."

နောက်ဆုံး သဘော်ကစတင်ထွက်‌လာတာမို့ တစ်ယောက်တည်း ပွစိပွစိရေရွတ်နေရင်းမှ လန့်သွားကာ ထိုင်ချလိုက်ပြီး သူ့luggage လေးကိုဖက်ကာငိုနေတော့သည်။

ငိုနေရင်းမှ ရှေ့တည့်တည့်တွင်ကျရောက်လာသော ရှုးဖိနပ်တစ်စုံကြောင့် ဘယ်သူလဲဆိုပြီးမော့ကြည့်လိုက်တော့ နှစ်ယောက်မရှိနိုင်သော သူ၏ သခင်လေးဖြစ်နေသည်။

သခင်လေးက သူ့ကိုစိုက်ကြည့်နေရင်းမှလက်တစ်ဖက်ကိုရှေ့ထုတ်ကာသူ့ဆီထိုးပေးလာသည်။
"ငါ့လက်ကို အားပြုပြီး ရဲရဲကြီး မတ်တပ်ရပ်လိုက်..."

Not The Last TimeWhere stories live. Discover now