Unicode....
"အချစ်ဦး..."
"အချစ်ဦးဆိုတာ ကိုယ့်ဘဝအတွက်လက်တွဲဖော်သာပြောင်းရင်ပြောင်းသွားမယ်။ ကိုယ့်ဘဝတစ်လျှောက်လုံးနှလုံးသားထဲမှာ မေ့မရနိုင်အောင် အမြဲနေရာယူထားတဲ့ လူသားကိုခေါ်တာ...."
"ဟိုဆော့ ဘာလုပ်နေတာ
ကျောင်းဆင်းပြီလေ အိမ်မပြန်ဘူးလား..."ကျောင်းဆင်းချိန် ဘဲလ်သံကမြည်ပြီးပြီဆိုပေမယ့် ဖတ်နေတဲ့စာအုပ်ကိုအရှိန်မသတ်သေးနိုင်တဲ့ ဟိုဆော့တစ်ယောက် အခန်းထဲမှာ ကျောင်းသားတစ်ယောက်မှမရှိတော့တာတောင် တစ်ယောက်တည်းကျန်နေခဲ့တာမို့ ငြိမ်းချမ်းစွာ စာအုပ်ကိုဆက်ဖတ်နေတုန်း ဂျောင်ကု၏အသံပြဲကြီးကိုကြားလိုက်ရသည်။
"စာအုပ်ဖတ်နေတာ အရှိန်မသတ်နိုင်သေးလို့
မပြန်သေးတာ..
မင်းရောအိမ်မပြန်သေးဘူးလား ငါ့အခန်းကိုဘာလာလုပ်တာ..""တူတူအိမ်ပြန်ဖို့ မင်းကိုလာခေါ်တာ
အိမ်ရောက်မှဆက်ဖတ်တော့ ခုပြန်ကြစို့..
လမ်းမှာလည်းအဆာပြေ မုန့်တစ်ခုခုဝင်စားကြမယ်"" ဆောရီး ....ငါနောက်တစ်နာရီလောက်နေရင် ကော်ဖီဆိုင်မှာအလုပ်ဝင်ရတော့မှာ မုန့်စားဖို့ အချိန်မရှိတော့ဘူး..."
"အော်...ကော်ဖီဆိုင်သွားရမှာလား ရတယ်လေအဲ့တာဆိုလည်း ငါပါလိုက်ခဲ့မယ် အဲ့မှာပဲတစ်ခုခုစားကြတာပေါ့..."
"လိုက်ချင်တယ်ဆိုရင်လည်းလိုက်ခဲ့
ဟိုရောက်မှ ပျင်းတယ်ဆိုပြီး ညည်းမနေနဲ့..""မညည်းပါဘူးကွာ သွားကြရအောင်..."
.................
သူဌေးသားလေး ဂျောင်ကုက သူ့အိမ်က ကိုယ်ပိုင်ကားနဲ့လာကြိုတာတောင် လိုက်မသွားဘဲ သူနဲ့အတူ ဒုက္ခခံအပင်ပန်းခံကာ လူအပြည့်တိုးနေတဲ့ဘက်စ်ကားကိုလိုက်စီးပြီး ကော်ဖီဆိုင်ထိရောက်သည်အထိ အနောက်ကနေ မျှော့လိုတွယ်ကပ်ပါလာသည်။
"ဂျောင်ကုရှီး..
ကောဖီဆိုင်လည်းရောက်ပြီမို့ တစ်ခုခုစားပြီးမြန်မြန်ကြွမြန်းတော်မူပါဗျို့ ကျွန်တော်မျိုးလည်းအလုပ်ချိန်ဝင်ရတော့မယ်..."
![](https://img.wattpad.com/cover/334645026-288-k520754.jpg)