_21_

367 40 15
                                    

Unicode..

နေ့ရက်တိုင်းကို ချစ်ရတဲ့လူသားနှစ်ယောက်နဲ့ တူတူဖြတ်သန်းရတော့ ပျော်ရွှင်စွာနေ နေရတာနဲ့ပဲ အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင်မသိခဲ့ဘဲ
ဆိုးလ်ကိုပြန်ရတော့မယ့် အချိန်ကိုတောင်ရောက်ရှိလာသည်။

ဒီကြားထဲမှာ ဟိုဆော့ကိုပါ ပြန်လိုက်ခဲ့ဖို့ကို နားချခဲ့ပေမယ့် ဟိုမှာဆို စိတ်ချလက်ချနဲ့ နေနိုင်မယ်မထင်တာကြောင့် တူတူမပြန်နိုင်သေးကြောင်း ငြင်းဆိုလာသည်။
ရှင်းစရာရှိသည့်ပြဿနာများ အပြီးရှင်းပြီးသည့်အခြေအနေကိုရောက်မှသာ သားနဲ့အတူ အမိမြေမှာပြန်လည်အခြေချကာ လာနေမည်ဟု ကတိပေးလာတာကြောင့် ဒီသားအဖနဲ့ မခွဲခွာချင်ဘဲ ထပ်ခွဲရပြန်သည်။

"တစ်ကယ်ကြီး ခွဲရတော့မှာလားအချစ်ရယ်...
ကိုယ်နဲ့ပြန်လိုက်ခဲ့ပါလား ကိုယ်တစ်ကယ်မခံစားနိုင်ဘူး"

လေယာဉ်ချိန်တောင်နီးနေပြီဖြစ်တာကို ခုထိလေဆိပ်တောင်မရောက်သေးဘဲ အိမ်ကနေ ထွက်ခါနီးထိ  luggage ဆွဲရင်း ဂျီကျနေသေးတဲ့ ထယ်ယောင်းကြောင့် ဟိုဆော့တစ်ယောက် ခေါင်းကိုသာ အကြိမ်ကြိမ်ခါနေမိတော့သည်။

"ဘယ်လိုဖြစ်နေတာလဲ ထယ်ရယ် သုံးလပဲမလား အလုပ်ကိစ္စဖြတ်ပြီးရင်ဒီကိုပြန်လာလို့ရတယ်လေ ခဏပဲခွဲရမှာကို မဆိုးပါနဲ့ လေယာဉ်ချိန်လည်းနီးနေပြီကို မြန်မြန်သွားတော့..."

"ကိုယ်မှ စိတ်မချနိုင်တာ ဘယ်လိုလုပ်ရမလဲ...
ဒီလောက်ချောလှတဲ့ မင်းနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သားကိုထားသွားရရင် စိတ်မချလွန်းလို့ ကိုယ်ဟိုမှာ အလုပ်တောင်ဖြောင့်ဖြောင့်လုပ်နိုင်မယ်မထင်ဘူး...."

"ဒီဟာကြီးဝတ်ထားတာတောင် စိတ်မချနိုင်သေးဘူးလား Mr.Kim..."

ရစ်စိန်ကရစ်လို့မပြီးနိုင်တာကြောင့် သက်ပြင်းတစ်ချက်ချကာ လက်ကိုသူ့မျက်နှာရှေ့ထုတ်ပြရင်း လက်စွပ်ကိုညွှန်ပြလိုက်တော့မှ ပြန်ပြုံးလာပြီး ငြိမ်သွားတော့သည်။

သားကျောင်းပိတ်ရက်ရလို့ အလည်ပတ်သွားခဲ့ကြတဲ့ နေကြာပန်းခင်းကြီးထဲမှာ လက်ထပ်လက်စွပ်နဲ့ ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ထယ်ယောင်းနဲ့ သူ့ဒယ်ဒီ‌ဘေးနားမှာ အတူတူဒူးထောက်ရင်း ပန်းစည်းကမ်းပေးခဲ့တဲ့ပေါက်စတို့ရဲ့ propose ကို စိတ်ထဲပြန်တွေးမိသွားတာကြောင့် ပါး ထက်က ပါးချိုင့်လေးတွေ‌ပင် ပေါ်အောင်ပြုံးမိသွားသည်။

Not The Last TimeWhere stories live. Discover now