_16_

300 47 24
                                    

Unicode..

"ငါ့ကိုပြောစရာရှိရင်လည်းပြောလေ ဂျယ်ဟွန်းရာ...ရစ်မနေနဲ့ ပြော....."

မနက်အစောကြီးကတည်းက
"ဆရာရေ အရေးကြီးကိစ္စပြောစရာရှိလို့ အိမ်ခုလာပြီ"
ဆိုပြီး သီးသန့်တစ်ယောက်တည်းနေသည့် သူ့အိမ်ကို ရောက်ချလာကာ ခုထိ ဘာမှမပြောဘဲ သူ့ရှေ့မှာ ပေတေပြီးရပ်နေသော ဂျယ်ဟွန်းကြောင့် ထယ်ယောင်းတစ်ယောက်စိတ်ညစ်လာသည်။

"ဘယ်ကနေ ဘယ်လို စရှင်းရမယ်မှန်းမသိလို့ပါ..
ကျွန်တော်ကိုယ်တိုင်လည်း ဘယ်လိုပြောပြရမလဲ မသိတော့ဘူး...."

"ရှင်းပြတတ်သလိုရှင်းပြ ထပ်ရစ်နေရင် မင်းကိုငါဆွဲထိုးမိတော့မယ်..."

"DNA resultရလာပါပြီ..."

"ရလာပြီလား....ဘာတဲ့လဲ တကယ့်သားအဖတွေလား မွေးစားသားလား ..."
ကလေးရဲ့ DNAနဲ့ ဆော့ရဲ့ DNAယူဖို့အတွက် လူတစ်ချို့ နောက်ယောင်ခံလိုက်ခိုင်းကာ သားအဖနှစ်ယောက်တည်း ဈေးဝယ်ထွက်ကြချိန် မတော်တဆတိုက်မိသလိုဖန်တီးရင်း နှစ်ယောက်စလုံးရဲ့ဆံပင်ကို ရအောင်ယူနိုင်ခဲ့ကြတာမို့ DNAစစ်ဖို့ကိစ္စကလည်း လွယ်ကူခဲ့သည်။

"ကလေးလေးက Mr.Jungရဲ့သွေးသားအရင်းဆိုတဲ့အဖြေထွက်လာပါတယ် ပြီးတော့ ဆရာနဲ့လည်းအဲ့ကလေးက သွေးသားတော်စပ်ပါတယ်...."

"ဟမ်....ဘာကို ငါနဲ့ကဘယ်လို..
ငါ့ DNAကဘယ်ကရတာ...
မဟုတ်သေးပါဘူး ငါ ရူးတော့မယ် ကလေးက  ငါနဲ့ရော ဆော့နဲ့ရောဘာလို့တော်စပ်ရမှာ ငါ့ကို စာရွက်ပြစမ်း တစ်ခုခုမှားနေပြီထင်တယ်..."

အလန့်တကြား စကားထစ်နေရာမှ ဂျယ်ဟွန်းလက်ထဲကစာအိတ်ကို ဆွဲလုပြီး ဖွင့်ကြည့်လိုက်တော့ တစ်ကယ်ကြီး ကလေးက သူနဲ့ရော ဆော့နဲ့ပါ 99%တော်စပ်နေသည်။

"မှားစရာအကြောင်းတော့မရှိနိုင်ဘူး ဆရာ...
ကလေးက ဆရာနဲ့တစ်ရုပ်တည်းတူနေကတည်းက ကျွန်တော် နည်းနည်းသတိထားမိလို့ ဆရာ့သွားတိုက်တံပါခိုးယူပြီး စစ်ကြည့်လိုက်တာ ထင်တဲ့အတိုင်းဖြစ်နေတယ် ပြီးတော့...
ဆရာကြားဖူးလောက်မယ်ထင်ပါရဲ့ ယောင်္ကျားလေး လူဦးရေ တစ်သန်းမှာ တစ်ယောက်လောက်ပဲဖြစ်နိုင်ချေရှိတဲ့ သားအိမ်ပါပြီး မွေးလာတဲ့ ဖြစ်ရပ်ကိုသိမယ်ထင်ပါတယ် ကြည့်ရတာ Mr Jung ကအဲ့ထဲကတစ်ယောက်ဖြစ်မယ်ထင်တယ်
ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီး ကလေးကိုမွေးခဲ့တာကြောင့် ကလေးကိုမွေးဖွားခဲ့တဲ့ဆေးရုံကို ကျွန်တော်စုံစမ်းတုန်းက လုံးဝစုံစမ်းလို့မရဖြစ်နေခဲ့တာထင်တယ်"

Not The Last TimeWhere stories live. Discover now