_20_(2)

341 44 37
                                    

Unicode...

"ဘေဘီ ပါးပါး ပြောစရာရှိတယ်..."

ထယ်ယောင်းက တစ်ချက်လေးတောင်မညည်းညူဘဲ တစ်ချိန်လုံးတူတူကစားပေးတော့ အဖော်မက်တဲ့သားက သဘောကျနေတာမို့ ညမိုးချုပ်တဲ့အထိပင် ဆော့နေတာမရပ်သေးပေ။

ပြောစရာရှိတယ်ပြောလိုက်တော့ ဆိုဖာပေါ် ငြိမ်ငြိမ်လေးလာထိုင်တဲ့သားကိုကြည့်ပြီး အချစ်ပိုရသလို သားဘေးမှာ ထိုင်ကာ ဒူးနှစ်ဖက်ပေါ် တင်ထားတဲ့ လက်အချင်းချင်းကိုပွတ်ပြီး စိတ်လှုပ်ရှားနေတဲ့ ထယ်ယောင်းကိုမြင်ပြီး စိတ်ထဲ ကြည်နူးရပြန်သည်။

"သားငယ်ငယ်က ပါးပါးပြောဖူးတာမှတ်မိလား
သားမှာသူများတွေလိုမေမေမရှိဘူးဆိုတာလေ.."

"ဟုတ် မှတ်မိပါတယ်.."

"သားသူငယ်ချင်းရဲ့မေမေတွေ သူတို့ကိုမွေးသလိုမျိုး သားကိုလည်းပါးပါးဗိုက်ထဲကနေ ကိုယ်တိုင်မွေးထုတ်ခဲ့တာ ငယ်ငယ်တုန်းက သားနားမလည်မှာဆိုးလို့သာ ပါးပါးမရှင်းပြခဲ့တာပါ.."

"ဟင် ဒါဆို ပါးပါးက မားမားပဲပေါ့..."

"အင်းပေါ့ ပါးပါးက သားရဲ့မားမားပဲ...
ပြီးတော့သားမှာသူများတွေနဲ့မတူဘဲ ထူးခြားတာက ဖေဖေနောက်တစ်ယောက်ရှိသေးတယ်..."

"ဖေဖေ နောက်တစ်ယောက်..."

"အင်း သားဖေဖေက အရင်ကဟိုးအဝေးကြီးမှာ နေနေရလို့ သားသားကို လာမတွေ့နိုင်တာ ဒါပေမယ့် ခု သားသားကိုလာတွေ့မယ်တဲ့...
သားဖေဖေက သားကိုလာတွေ့မယ်ဆို ပျော်လားဟင်...."

"ဟင့်...ပျော်တာပေါ့ ပါးပါးရဲ့...
ငါ့မှာအဖေတစ်ယောက်တည်းရှိတာမဟုတ်ဘူး နှစ်ယောက်ရှိတာဆိုပြီး သူငယ်ချင်းတွေကိုလည်းကြွားလို့ရပြီ အီးဟီး....."

"အိုး.....တိတ်ပါ ကလေးရယ်.."
လိမ္မာလွန်းတဲ့သားက သူ့မှာအဖေတစ်ယောက်တည်းရှိတာ အားငယ်နေ‌ကြောင်းကိုငယ်ငယ်ကတည်းကနေတစ်ခါမှ ဖွင့်သာမပြောခဲ့တာ ခုအဖေနောက်တစ်ယောက်ရှိကြောင်း ပြောပြလိုက်မှ ကလေးပီပီ ခံစားချက်တွေဖွင့်ဟလာပြီးငိုချတာမို့ သူလည်းဖုံးကွယ်ခဲ့မိတာကို အပြစ်ရှိသလိုခံစားရတာကြောင့် သားကိုသာဖက်ပြီး ငိုမိတော့သည်။

Not The Last TimeWhere stories live. Discover now