_2_

387 65 9
                                    

Unicode..

တစ်ပတ်တာရဲ့ကျောင်းပိတ်ရက်ကိုရောက်လာပြီမို့ ရိုးသားကြိုးစားသူဟိုဆော့လေးဟာ ကော်ဖီဆိုင်ပိုင်ရှင်တွေက ပိတ်ရက်ဆို ဝန်ထမ်းတွေကို မုန့်ဖိုးသဘော နာရီအလိုက် ပိုက်ဆံပေးတာမို့ မနက်ကိုးနာရီကတည်းက ကော်ဖီဆိုင်မှာအလုပ်ဝင်လုပ်နေပြီဖြစ်သည်။

အားလပ်ရက်ပိတ်ရက်တိုင်း ကော်ဖီဆိုင်ကလူအမြဲကျနေတာမို့ ဟိုအမြွှာနှစ်ကောင်လည်း ကိုးနာရီကတည်းကအလုပ်ဝင်လုပ်နေကြသည် အနောက်ဘက်ပိုင်းမှာ ရူဘီကကူနေပြီး အရှေ့ဘက်ပိုင်းမှာတော့ ဂျိမ်းစ်ကကောင်တာကိုထိန်းပေးနေသည် သူကျဒီနေ့ ဝိတ်တာနေရာမှာဝင်လုပ်ဖြစ်တာမို့
လူကအရမ်းများတော့တစ်ယောက်တည်းမို့သေချာအာရုံစိုက်ကာ စားပွဲတစ်ခုပြီးတစ်ခုအော်ဒါကောက်နေတုန်း ထောင့်စွန်းကျဆုံးစားပွဲနားကနောက်ဆုံးဝိုင်းမို့  အော်ဒါကောက်ဖို့တွက် ခပ်မြန်မြန်သွားမေး‌လိုက်သည်။

"ဘာများ သုံးဆောင်မလဲဗျ..."

"Ice coffee တစ်ခွက်ရယ် banana cake ရယ်
ဂျောင်ဟိုဆော့ရယ်..."

"ဟင်?..."
Customer ပြောတဲ့အော်ဒါကိုအာရုံစိုက်ကာလိုက်မှတ်နေရင်းမှ သူ့နာမည်ပါ ပါလာတာကြောင့် ထိုင်နေသူကိုသေချာငုံ့ကြည့်လိုက်တော့ ‌ဟိုနေ့က ကျောင်းခေါင်းမိုးထပ်မှာ သူနဲ့ဆုံခဲ့သူဖြစ်နေသည်။
သူငယ်ချင်းဖြစ်ချင်တဲ့ ထိုကောင်လေးက ယုန်သွားလေးနှစ်ချောင်းနဲ့ နှစ်လိုဖွယ်ပြုံးပြနေတာ ချစ်စရာလေးမို့ ဟိုဆော့တောင်သတိလက်လွတ်ဖြင့် ခဏငေးမောမိသွားသည်။

"ရလားလို့....ဂျောင်ဟိုဆော့ကိုရော..."

"ဟမ်....အားနာပါတယ် ကျွန်တော်ကဆိုင်ကရတဲ့ပစ္စည်းမဟုတ်ပါဘူး ဆိုတော့ ice coffee နဲ့banana cakeပဲနော် ဘာမှမှာစရာမရှိတော့ရင်ခွင့်ပြုပါဦး"

ထိုကောင်လေးထိုင်နေတဲ့ဝိုင်းမှ မြန်မြန်ပြန်ထွက်လာကာကောင်တာမှာ မှတ်ထားတဲ့မီနူးစာရွက်တွေကို လှမ်းပေးရင်း သက်ပြင်းချမိတော့ သူငယ်ချင်းဖြစ်သူ ဂျိမ်းစ်ကလှမ်းမြင်ပြီး စိတ်ပူကာ လှမ်းမေးသည်။

"ဘာဖြစ်လို့လဲ ဟိုဆော့..
တစ်ခုခုအဆင်မပြေတာရှိလို့လား.."

"အင်း ရှိတယ် မင်းငါ့ကိုတစ်ခုလောက်ကူပါဦး
ဟိုထောင့်စွန်းနားကတစ်ယောက်တည်းထိုင်နေတဲ့ဝိုင်းကမှာထားတဲ့မုန့်ရရင် မင်းပဲငါ့အစားသွားချပေး ငါအဲ့ဝိုင်းကိုမသွားချင်လို့.."

Not The Last TimeWhere stories live. Discover now