_8_(1)

374 56 8
                                    

Unicode..

ပါတီပွဲပြီးနောက်မနက်ကျ ပုံမှန်လုပ်နေကျအတိုင်း ဟိုဆော့တစ်ယောက်စောစောထပြီး ကျောင်းသွားမည့်ကားနားမှာ သခင်လေးကိုစောင့်နေပြန်သည်။

မနေ့ကအတင်းအနမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထွက်ပြေးချင်နေပေမယ့် ‌သူ့မှာပြေးစရာနေရာကလည်းဘယ်နေရာမှမရှိတာမို့ သခင်လေးနဲ့စကားမပြောရဖို့သာ ဆုတောင်းနေတော့သည်။

တစ်ချိန်လုံးဆုတောင်းနေပေမယ့်လည်းဆုတောင်းက မပြည့်ခဲ့ အိမ်တော်ကနေထွက်လာတဲ့သခင်လေးက ကားနားမှာရပ်နေတဲ့သူ့ကို မြင်တာနဲ့ သူ့လက်ကိုဆွဲရင်း ဥယျာဉ်ဘက်နားဆွဲခေါ်လာတော့သည်။

"ဂျောင်ဟိုဆော့.."

"ဗျ....‌ဗျာ"

"မနေ့က ငါ မင်းကိုအတင်းချုပ်နမ်းတာလဲ ဘာကြောင့်လဲ ဆိုတာမင်းသိလား.."

ပေါ်တင်ကြီးကိုမေးလာတဲ့ သခင်လေးကြောင့် ဟိုဆော့တစ်ယောက် မျက်နှာတွေနီရဲတက်လာပြီး လက်နှစ်ဖက်ကိုလည်းအရှက်ပြေအောင် ပွတ်နေလိုက်သည်။

"ဟို.....သခင်လေးဝိုင်သောက်တာများသွားပြီး သခင်လေးရည်းစားနဲ့မှားနမ်းမိတာမလား..
အဲ့လိုထင်မိပါတယ်...."

"ဘယ်လို...ဘယ်လို....ငါကမူးပြီးနမ်းတာ
ငါမနေ့ကဝိုင်တောင်မထိခဲ့တာကို ပေါက်ကရလေးဆယ်ကပြောပြန်ပြီ..."

"ဟို...ဟို ဘာလို့နမ်းတာလဲဆိုတာမသိပါဘူး
သခင်လေး..."
မျက်လုံးနှစ်လုံးကိုတင်းနေအောင်ပိတ်ထားပြီး အော်ပြောလာတဲ့ ဟိုဆော့ရဲ့ ချစ်စရာအပြုအမူကြောင့် ထယ်ယောင်းတစ်ယောက်အသည်းယားပြီး အသံတိတ်ရယ်နေတော့သည်။

"လုပ်နေပုံလေးက ထပ်ပြီးဆွဲနမ်းချင်စရာလေး.."

"ဗျာ..ဗျ ဘာပြောလိုက်တာ သခင်လေး.."

"ဘာမှမဟုတ်ဘူး ငါဘာလို့နမ်းလဲဆိုတာခုမသိလည်းနောက်သိသွားမှာပဲ ထားလိုက်ပါတော့ ကျောင်းသွားမယ် ကားပေါ်တက်တော့..."

ကြားလိုက်ရတဲ့စကား‌ကြောင့် လွှတ်ထွက်သွားချင်တဲ့စိတ်အာရုံကိုမြန်မြန်ပြန်စုစည်းပြီး သခင်လေးဆူမှာဆိုးတာ‌ကြောင့် ကားပေါ်မြန်မြန်တက်ထိုင်လိုက်ကာ ခုနကသခင်လေး သူ့ကိုထပ်ပြီး ဆွဲနမ်းချင်တယ်လို့ပြောလိုက်တဲ့စကားကို ထပ်ခါထပ်ခါနားထဲကြားရနေတာမို့ ပါးပြင်တွေနဲ့နားရွက်ထိပ်ပါ ရဲတက်နေကာ တစ်ယောက်ထဲပူနေတော့သည်။

Not The Last TimeWhere stories live. Discover now