_4_

427 60 12
                                    

Unicode..

"အာညော်...ဂျောင်ကု.."

စာသင်ပြီး ‌ကျောင်းထမင်းစားနားချိန်မို့ ကန်တင်းဘက်ကိုသွားမလို့ အခန်းကနေထွက်ထွက်ချင်းအခန်းရှေ့တွင် ဟိုဆော့ရှိနေကာ သူ့ကိုခေါ်ရင်းလှမ်းပြုံးပြသည်မို့ဂျောင်ကုတစ်ယောက်အံ့ဩသွားသည်။

"ဟိုဆော့ ငါ့အခန်းကိုဘာလာလုပ်တာ
မဟုတ်မှငါ့ကိုလာရှာတာလား.."

"အင်း မင်းကိုလာရှာတာလေ
ရော့...."
လက်ထဲကလက်ဆွဲစက္ကူအိတ်ကို သူ့ဆီထိုးပေးရင်း ယူလေ ဆိုပြီး မျက်လုံးဖြင့်ပင့်ပြနေပုံကချစ်စရာကောင်းတာမို့ အသည်းယားလွန်းလို့ တစ်ချက် ဟက်ခနဲရယ်လိုက်ပြီး အိတ်ကိုယူကာချက်ချင်းဖွင့်ကြည့်လိုက်တော့ ထင်သည့်အတိုင်းမနေ့ကငှားလိုက်တဲ့ဝတ်စုံဖြစ်နေသည်။

"အော... မနေ့ကငှားလိုက်တဲ့ငါ့ အားကစားဝတ်စုံပြန်လာပေးတာလား မသိပါဘူး ငါ့အတွက်လက်ဆောင်တစ်ခုခုဝယ်လာတာများလားလို့တောင်ထင်သွားတာ..."

"ငါ့ဆီက လက်ဆောင်လိုချင်လို့လား
လိုချင်ရင် မင်းမွေးနေ့ကျဝယ်ပေးမယ် ခုလောလောဆယ်ငါ့မှာလည်းအပိုအလျှံငွေမရှိလို့"

"ငါကစ‌နေတာပါ တကယ်ဝယ်ပေးချင်တယ်ဆိုလည်း မငြင်းတော့ဘူး.."

"အင်း မင်းမွေးနေ့ကျ ငါတကယ်ဝယ်ပေးမယ်"

"ငါမွေးနေ့ကနောက်လေးလနေရင်လာတော့မှာနော် အဲ့ကျမင်းရဲ့လက်ဆောင်ကိုကျိန်းသေ မျှော်နေမယ်..."

"မင်းလိုသူဌေးသားက ငါ့ဆီကညစ်ပြီး လက်ဆောင်ပြန်လိုချင်နေတယ်ပေါ့  ငါ့ဆီကရတဲ့လက်ဆောင်‌ဆိုပေမယ့် တန်ဖိုးကြီးတာမျိုး မပေးနိုင်တာမို့ အရမ်းမမျှော်လင့်နဲ့"

"တန်ဖိုးကြီးကြီး မကြီးကြီး မင်းဆီကရတဲ့လက်ဆောင်မလို့ငါမျှော်လင့်နေတာလေ..
တော်ပြီ စကားပြောရတာမောတယ် လာ ငါနဲ့ကန်တင်းမှာတူတူထမင်းသွားစားကြရအောင်"

"ဟမ်...ကန်တင်းကိုလား
မင်းပဲသွားလိုက်ပါ ငါမလိုက်တော့ဘူး..."

"ဟာ ဘာလို့မလိုက်တာလဲ တူတူသွားစားပါမယ်ဆို ဂျောင်ဟိုဆော့ ငါနဲ့ထမင်းတောင်တူတူမစားချင်ဘူးလား ပြောတော့သူငယ်ချင်းတွေဆို.."

Not The Last TimeWhere stories live. Discover now