_9_

386 64 28
                                    

Unicode..

သဘော်ပေါ်မှာ တစ်ရက်ခွဲနေပြီး နောက်ဆုံးတော့ သူတို့လည်ပတ်မည့်ကျွန်းပေါ်သို့ ရောက်လာကြသည်။

ကျောင်းသားတွေအကုန်လုံး သဘော်ပေါ်ကဆင်းတာနဲ့ မူးဝေလို့ရှုဆေးရှုသူကရှု ပျော်လို့ခုန်ပေါက်နေသူများကခုန်ပေါက်နေကြကာ ဆရာဆရာမများ၏ ဦးဆောင်မှုနှင့်အတူ တည်းခိုမည့်ဟိုတယ်သို့ လူအကုန်စုကာသွားကြသည်။

တည်းခိုမည့်ဟိုတယ်ကို ရောက်ရောက်ချင်း ဆရာမများက နာမည်တစ်ယောက်ချင်းစီခေါ်ပေးကာ အခန်းသော့ဝေပေးရင်း ကိုယ့်အခန်းကိုယ်စီ၌အရင်ဆုံးနားခိုဖို့ပြောသည်။
ညကျ လူစုဖို့လည်းထပ်ဆိုလာသေးတာမို့ ဟိုဆော့လည်းနားချင်နေပြီးဖြစ်တာကြောင့် သူ နေရမည့်အခန်းဆီသွားကာ အခန်းသော့ဖြင့်တံခါးကိုဖွင့်နေတုန်း ဂျောင်ကုတစ်ယောက်သူ့အထုတ်ကြီးကိုဆွဲရင်း ပြေးလာသည်။

"ဟို‌ဆော့ကီး!!!"

"ဖြည်းဖြည်းသက်သက်လာပါလား ဘယ်လိုဖြစ်လို့ အဲ့လောက်ခုန်ပေါက်နေရတာ ဒါနဲ့..
ငါ့ဆီဘာလာလုပ်တာတုန်း ကိုယ့်အခန်းမှာကိုယ်သွားနားတော့လေ...."

"ငါနေရမယ့်အခန်းက မင်းနဲ့တစ်ခန်းတည်းတူတူပဲလေ.."

"ဟမ်...ဘယ်လိုဖြစ်လို့ အခန်းတူနေတာ"

"ဒါက ဒီလို.... မင်းနဲ့အခန်းတူတဲ့တစ်ယောက်ကမထင်မှတ်ဘဲ ငါ့အတန်းကသူငယ်ချင်းတစ်ယောက်ဖြစ်နေလို့ သူနဲ့ငါအခန်းလဲလိုက်တာလေ တော်သေး မင်းဘယ်အခန်းမှာနေရမယ်ဆိုတာငါသိလို့တူတူနေရတာ.."

"အမယ်...ဒီလိုကျငါ့သူငယ်ချင်းမဆိုဘူးပဲ
အားကိုးရသား..."

"ဒါပေါ့ ငါ့မှာရှားရှားပါးပါး ဒီသူငယ်ချင်းတစ်ယောက်ပဲရှိတာ မင်းနားပဲလိုက်ကပ်ရမှာပေါ့..."

"ဟုတ်ပါပြီ အခန်းထဲဝင်ကြမယ်လေ..
ငါနားချင်ပြီ...."

"အေး...အေး..."
အခန်းထဲရောက်တော့နားမယ်သာပြောတာ နှစ်ယောက်သား ခုထိစကားတပြောပြောနဲ့ လေပေါလို့ကောင်းနေတုန်း အခန်းတံခါးခေါက်သံကြားလို့သွားဖွင့်ကြည့်လိုက်တော့နှစ်ယောက်စလုံး မထင်မှတ်ထားတဲ့သူ တံခါးလာခေါက်တာဖြစ်နေသည်။

Not The Last TimeWhere stories live. Discover now