Part 3

269 65 14
                                    

ချန်းယောလ် မနက်စောစောနိုးလာတော့ အိပ်ယာပေါ်မှာ အိပ်နေသည့် ကောင်လေးကို လှမ်းကြည့်လိုက်သည်။ အပူအပင်မရှိအိပ်နေတာများ သူ့အိမ်သူ့ယာရောက်နေသလိုပင်။ ညတုန်းက သူ့အကြောင်းကို အတင်းမမေးဖို့ ဦးလေးဂျွန် တားနေသောကြောင့် ဆက်မမေးဖြစ်တော့။ ကောင်လေးကလည်း ဆေးအရှိန်ကြောင့် ခုံပေါ်မှာပင်အိပ်ပျော်သွားသဖြင့် အိပ်ယာပေါ် ပွေ့ချီတင်ပေးရသေးသည်။ ဦးလေးဂျွန်ပြောသလို သတိရရချင်းမို့ သူ့ကိုယ်သူ သေချာမမှတ်မိသေးတာဖြစ်နိုင်ပါသည်။ တစ်ရက်နှစ်ရက်လောက် ထပ်စောင့်ကြည့်ပြီး မေးရင်တော့ သူ့ကိုယ်သူ မှတ်မိသွားနိုင်ကောင်းပါရဲ့။

ချန်းယောလ် ကိုယ်လက်သန့်စင်ပြီးနောက် မီးဖိုခန်းထဲမှာ မနက်စာစားရန် ပြင်ဆင်လိုက်သည်။ကောင်လေးက သတိရနေပြီဆိုတော့ ဆန်ပြုတ်အတင်းတိုက်နေစရာမလိုတော့ပေ။
မနက်စောစောအတွက် ခေါက်ဆွဲပြုတ်နှင့် နေ့ခင်းကိုတော့ ဦးလေးဂျွန်နှင့်သာ ထမင်းအတူတူစားလိုက်စေတော့ဟု တွေးလိုက်သည်။

"မွှေးလိုက်တာ အဲ့ဒါဘာလဲ"

အသံကြောင့် ချန်းယောလ်လှည့်ကြည့်လိုက်တော့ မီးဖိုခန်းဝမှာရပ်နေတဲ့ကောင်လေးက မျက်လုံးတွေကို ပွတ်သပ်နေရင်း နှာခေါင်းကို တရှုံ့ရှုံ့နှင့် အနံ့ခံလို့နေသည်။

"ခေါက်ဆွဲပြုတ်နေတာလေ မင်းစားချင်တယ်မလား"

"အင်း"

"ဒါဆို မျက်နှာသွားသစ်လိုက်ဦး"

"မသစ်ချင်ပါဘူး အေးတယ်"

မီးဖိုခန်းမှာပြင်ထားသည့် ခုံအမြင့်ပေါ် ခြေထောက်တွေပါတင်ကာ ကွေးထိုင်လိုက်ပြီး မျက်နှာမသစ်ချင်ကြောင်း ခေါင်းခါလို့ ငြင်းနေပြန်သည်။ ခက်တော့တာပဲ။

"ဟေ့ မျက်နှာမသစ် သွားမတိုက်ဘဲ မနက်စာစားလို့မရဘူးလေ
မင်းအရင်နေ့တွေကလည်း သတိမေ့နေတာနဲ့ သွားမတိုက်ဘူးမလား
အခုသန့်ရှင်းရေး သွားလုပ်"

"ဟင့်အင်း"

"မလုပ်ရင်တော့ မစားနဲ့ပေါ့"

ခေါက်ဆွဲပြုတ်အိုးကို မီးဖိုပေါ်ကချလိုက်ပြီး ပန်းကန်လုံးထဲလှယ်ထည့်ကာ ကြက်သွန်မြိတ်အနည်းငယ် ဖြူးလိုက်သည်။ ကောင်လေးက ကြက်သွန်မြိတ်ကြောင့် ပိုမွှေးလာသည့် ခေါက်ဆွဲပြုတ်နံ့ကို တရှုံ့ရှုံ့နဲ့ ရှုနေရင်း ချန်းယောလ် အနားကို ကပ်လာသည်။

Red String of FATEDonde viven las historias. Descúbrelo ahora