Part 8

279 67 37
                                        

ညစာစားပြီး ချန်းယောလ် စာရင်းတွေ ထိုင်လုပ်နေတုန်း မင်းသားလေးက အိမ်အပြင်ဘက်မှာ ပုံပြင်စာအုပ်တွေနှင့်အလုပ်ရှုပ်နေသည်။ အိမ်ပြင်က ဧည့်ခန်းကနေ လှမ်းမြင်နေရသည့်အတွက် စိတ်ချ လက်ချ လွှတ်ထားလို့ရသည်။ ဦးလေးဂျွန်ရဲ့ အိမ်ဘက်ကို စွတ်ကူးမသွားဖို့တော့ အတန်တန်မှာထားရသည်။ ညဘက်ရောက်နေပြီမို့ မတော်တဆ ထိခိုက်မိမှာ စိုးရိမ်ရသည်။

မြို့ကို ခဏသွားတုန်း အသီးဒိုင်ကနေအသီးဖိုးရှင်းတဲ့ ငွေတွေပါ တစ်ခါတည်းသိမ်းခဲ့သည်။ ကောင်လေးကို ခဏစောင့်ရှောက်ထားကြောင်းလည်း မြို့ကြီးက ရဲစခန်းအပြင် နီးစပ်ရာမြို့တွေပါ အကြောင်းကြားဖို့ တစ်ခါတည်းပြောခဲ့သည်။ တစ်လလောက်နီးပါးကြာနေသည်အထိ ဒီကောင်လေးကို လာရှာတဲ့သူ တစ်ယောက်မှ မရှိသေးဟု သိရသည်။ ဘာကိုမှ အပူအပင်မရှိတဲ့ မင်းသားလေးကတော့ သူများကြက်တွေကို သင်္ဘောဆေးသုတ်ပြီးတာတောင် သူအပြစ်မရှိသလို ရုပ်နဲ့ ဝယ်လာတဲ့ ဒိုးနတ်တွေကို အားရပါးရ စားနေလိုက်သေးသည်။

"ဟို...ကယ်တင်ရှင်..."

သူအတွေးတွေလွန်နေလိုက်တာ မင်းသားလေး အိမ်ထဲပြန်ဝင်လာတာတောင် သတိမထားမိ။ မင်းသားလေးက လက်ထဲကစာအုပ်တွေကို စားပွဲပေါ်တင်လိုက်ပြီး သူထိုင်နေတဲ့ နှစ်ယောက်ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

"အိပ်ချင်ပြီလား မင်းသားလေး"

"မဟုတ်ဘူး ပြောစရာရှိလို့"

"ပြောပါဦး"

သူ့လက်ထဲက စာရင်းစာအုပ်ကို ဘေးချလိုက်ပြီး မင်းသားလေးကို အပြည့်အဝ အာရုံပေးလိုက်သည်။ အရင်ကလို ပြောချင်တာစွတ်မပြောဘဲ ခွင့်တောင်းတယ်ဆိုတော့ တစ်ခုခု အရေးကြီးတာဖြစ်နိုင်သည်။ သူ့ကိုယ်သူ ပြန်မှတ်မိတာ ဖြစ်ဖြစ်ပေါ့။

"အဲ့ဒါလေး နည်းနည်း ပေးလို့ရလား"

မင်းသားလေးက အထပ်လိုက်စီထားသည့် သူ့ပိုက်ဆံတွေကို လက်ညှိုးညွှန်ပြပြီး တောင်းနေသည်။

"ဘာလုပ်ဖို့လဲ..."

"ဟို..ကြက်ကလေးတွေကို ဆေးခြယ်လိုက်မိတာလည်း လျော်ရဦးမယ်လေ
ပြီးတော့ ဟိုနေ့က အသီးဖိုးလည်း လျော်ရဦးမယ်ဆိုတော့ နည်းနည်းပေးပါလား"

Red String of FATEWo Geschichten leben. Entdecke jetzt