ချန်းယောလ်အလုပ်လုပ်နေတုန်း ဖုန်းမြည်လာပြီး ကိုင်လိုက်တော့ အုပ်ချုပ်ရေးမှူးဆီက ဖြစ်နေသည်။ သူ့ကို အပ်ထားသည့် ခြံကွက်အသစ်ကို ဝယ်ချင်သူ ပေါ်လာသောကြောင့် ခြံအကြောင်း သေချာရှင်းပြရန် ခေါ်ခြင်းဖြစ်သည်။ ထိုခြံက စိုက်ပျိုးမြေလုပ်ဖို့ တော်တော်လေးအဆင်ပြေပြီး ချန်းယောလ်တို့ အစမ်းပျိုးသည့် စတော်ဘယ်ရီများပင် အပင်ပေါက်ရနေပြီဖြစ်သည်။ ဈေးကောင်းလည်းရနိုင်သလို ဝယ်ရသူအတွက်လည်း တကယ်အကျိုးရှိမှာသေချာသည်။
ထမင်းစားပြီးချိန်ဖြစ်သောကြောင့် ငိုက်နေတဲ့ ကလေးလေးက ချန်းယောလ်ဖုန်းပြောသံကြားတာနဲ့ မျက်လုံးလေးများပွတ်လျက် နားစွင့်လို့နေသည်။ ဖုန်းချလိုက်ပြီးတာနဲ့ သူ့အကျင့်အတိုင်း စပြီး ပူဆာတော့သည်။
"ကိုကိုအပြင်သွားရင် ကလေးလေးလည်း လိုက်မယ်"
"အလုပ်ကိစ္စပြောမှာ ကလေးလေးပျင်းနေမှာပေါ့"
"မပျင်းပါဘူး ကိုကို့ဘေးမှာငြိမ်ငြိမ်လေးနေပါ့မယ် ခေါ်နော်.."
"ကလေး ပင်ပန်းနေမှာစိုးလို့"
"ဟင့်အင်း မပင်ပန်းဘူး လိုက်ချင်လို့လေ နော်
ကိုကို့ကို အာဘွားပေးမယ်"အလည်လေးက လိုအပ်တဲ့ စာရွက်စာတမ်းတွေထည့်နေသည့် ချန်းယောလ်နား ခြေဖျားလေးထောက်ကာ မေးဖျားကို မမှီမကမ်းနှင့် လှမ်းပြီး အနမ်းပေးလို့နေသည်။
"ဟုတ်ပါပြီ လိုက်ခဲ့...
အသီးခြောက်တွေကို ဗူးနဲ့ သေချာပြန်သိမ်းဦး"လိုက်ခွင့်ပေးလိုက်တာနဲ့ ချက်ချင်း အသီးတွေကိုပြန်သိမ်းပြီး ဦးထုပ်လေးကို ယူဆောင်းထားသည်။ ချန်းယောလ် တိုင်မှာချိတ်ထားတဲ့ ဦးထုပ်ကို လှမ်းယူလိုက်ပြီး ဘေးက ပြက္ခဒိန်ကိုကြည့်လိုက်တော့ လကုန်ဖို့ ရက်ပိုင်းသာလိုတော့သည်။ ဝန်ထမ်းတွေကို လခ ထုတ်ပေးရင်း ကလေးလေးကိုပါ လခပေးရဦးမည်။ ပေးသမျှ စုထားတဲ့ ကပ်စေးနည်းလေးက ပိုက်ဆံတွေကို ဘယ်လိုအသုံးချဖို့ ကြံစည်ထားသည် မသိ။ အခုချိန်ထိတော့ သူရသမျှထဲက နည်းနည်းမှကို အပွန်းမခံသေးပေ။
ČTEŠ
Red String of FATE
FanfikceRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode