Part 25 [ Final ]

364 50 2
                                    

ကျွန်တော် အမြင်အာရုံထဲ အလင်းတန်းလေး တစ်ခု စတင်ဝင်ရောက်လာတာကို သတိထားမိသည်။ ထို့နောက် ကျောပြင်အောက်က အိစက်နေသည့် အထိအတွေ့။ နွေးထွေးသော လေထုနှင့်ကြင်နာမှုအပြည့်ရှိသည့် ခေါ်သံကလည်း ပတ်ဝန်းကျင်တွင်လွှမ်းခြုံလျက်။

"ကလေး သတိရပြီလား
ကောကောကို မှတ်မိလား"

"ကောကော..."

နှုတ်ခမ်းလေးလှုပ်ရုံသာခေါ်နိုင်လိုက်သော်လည်း ကောက နှစ်လိုဖွယ်ပြုံးပြသည်။
ထို့နောက် အခန်းထဲဝင်လာသည့် ဆရာဝန်နှင့် သူနာပြုများကြောင့် ကြည်လင်နေသည့် အာရုံက ခဏချင်း နောက်ကျိသွားသလိုဖြစ်သည်။ သိပ်နားမလည်သော်လည်း ကျွန်တော် သတိပြန်ရလာတာကို ဝမ်းသာကြောင်း ပြောနေကြသည်။ ကျွန်တော်က အကြာကြီးမေ့နေခဲ့တာလား။

ပထမရက်က အိပ်လိုက်နိုးလိုက်နှင့် စကားကောင်းကောင်းမပြောနိုင်သော်လည်း နောက်ပိုင်းရက်များတွင် နေရတာပိုအဆင်ပြေလာသည်။ အနားမှာ ကောကောက အမြဲရှိနေပေးပြီး လုဟန် ကောကောကလည်း မကြာခဏလာလည်တတ်သည်။ ဂျောင်ဆူးငယ်ကတည်းက လုဟန်ကောနဲ့ အတူတူဆော့နေကျမို့ သွေးသားမတော်သော်လည်း ညီအစ်ကိုအရင်းလို သံယောဇဉ်ရှိကြသည်။ နေ့ခင်းဘက် လုဟန်ကောက စကားလာပြောလိုက် ဇာတ်လမ်းအတူကြည့်လိုက်လုပ်ပေးပြီး ညဘက်ဆို ရိဖန်ကောက အတူတူ စောင့် အိပ်ပေးသည်။

အရင်ကတည်းက ဒီအစ်ကိုနှစ်ယောက်ရဲ့ ဂရုစိုက်မှုနဲ့သာ ကြီးပြင်းလာခဲ့ပြီး အရာရာပြည့်စုံနေခဲ့ပေမဲ့ စိတ်ထဲတွင်တော့ တစ်နေရာရာ လစ်ဟာလို့နေခဲ့သည်။

"ကောကော ကျွန်တော် တစ်ခုခုစားချင်တယ်"

လစ်ဟာနေသည့် ခံစားချက်က ဝမ်းဟာတာပဲ ဖြစ်လိမ့်မည်ဟု တွေးကာ တစ်ခုခုလိုအပ်သလို ခံစားမိတိုင်း မုန့်ဝယ်ကျွေးဖို့သာ ကောကောတို့ကို ပူဆာမိသည်။

"ဂျောင်ဆူးလေး ဆေးရုံဆင်းရတော့မယ်"

လုဟန်ကောကောက သူ့ပစ္စည်းတွေကို သိမ်းရင်း ပျော်ရွှင်နေတဲအသံနဲ့ ပြောသည်။
ဂျောင်ဆူးလည်း ဆေးရုံက ဆင်းရတာပျော်သည်။ သို့ပေမဲ့...သူ့ပျော်ရွှင်ခြင်းတွေက ရာနှုန်းမပြည့်နိုင်ခဲ့။ တစ်စုံတစ်ခုက လိုအပ်နေခဲ့သည်။ ထိုအရာကို သူလည်း မစဉ်းစားတတ်။

Red String of FATEWhere stories live. Discover now