"ကိုကိုရေ...ကလေးလေး ဗိုက်ဆာတယ်"
"ကိုကိုရေ...ကလေးလေးက ပုံပြင်နားထောင်ချင်လို့"
"ကိုကိုရေ...ကလေးလေး မင်ချောတို့ဆီမှာ ယုန်လေးတွေနဲ့ သွားဆော့ချင်တယ်"
"ကိုကိုရေ...ကိုကို"
ကိုကိုခေါ်သံချင်းထပ်နေတဲ့ ချန်းယောလ်နဲ့ ကလေးလေးတို့ရဲ့ အိမ်ကလေးကတော့ ထုံးစံအတိုင်း နှစ်ယောက်တည်းနဲ့ ဆူဆူညံညံ။ မင်ချောကောင်းမှုနဲ့ ပြောင်းလဲသွားရတဲ့ အခေါ်အဝေါ်အပေါ် ချန်းယောလ်လည်း ဘာမှ အထူးအထွေပြောမနေတော့။ ကလေးလေး စိတ်ချမ်းသာသလိုပဲခေါ်ပါစေ။
အသစ်ဖြစ်သွားတဲ့အသုံးအနှုံးကို သဘောကျပြီး ခဏခဏပြောချင်နေတဲ့ကောင်လေးက ယုန်ဖြူလေးတွေ မွေးဖို့ စိတ်မဝင်စားတော့ဘဲ ချန်းယောလ်ကို ခဏခဏ ခေါ်ပြီး စကားပြောဖို့သာ စကားစရှာနေတော့သည်။ ဒါကလည်း ပြဿနာတစ်ခု ငြိမ်းသွားသည်မို့ တစ်မျိုးကောင်းတာပါပဲ။
"ကိုကိုရေ ကလေးလေးကို အင်္ကျီကြယ်သီးတပ်ပေးပါဦး"
တီရှပ်ပေါ်က ထပ်ဝတ်ထားတဲ့ ရှပ်အကွက်ဖားဖားကြီးနဲ့ ကလေးလေးက ချန်းယောလ်ထိုင်နေသည့် ကုတင်နားကိုရောက်လာသည်။ဒီရှပ်က ချန်းယောလ် အသီးတွေပို့သည့် ဆိုင်ရှင်တစ်ယောက်ဆီက လက်ဆောင်ရထားတာဖြစ်ပြီး ချန်းယောလ်နဲ့ မတော်သည့် ရှပ်ဖြစ်သည်။ ကောင်လေးကို ပေးဝတ်တော့ သူနှင့်အနည်းငယ်ကြီးနေသော်လည်း ကြည့်လို့ကောင်းသည်။
"ဒီမှာထိုင်..."
ကလေးလေးထိုင်ချပြီးတာနဲ့ ချန်းယောလ်က ကြယ်သီးနဲ့ ကြယ်သီးပေါက်တည့်အောင် အင်္ကျီကို ဆွဲညှိပြီး ကြယ်သီးတပ်ပေးရန် ပြင်လိုက်သည်။ မျက်စိထဲ လက်ခနဲ တိုးဝင်လာသည့် ပုလဲနက်ဆွဲကြိုးလေးကြောင့် ကြယ်သီးကိုကိုင်ထားသည့်လက်က ဆွဲကြိုးလေးဆီရောက်သွားသည်။ အမြဲ အင်္ကျီအတွင်းထဲမှာထားတဲ့ဆွဲကြိုးလေးက ဒီနေ့တော့ အပြင်ရောက်လို့နေသည်။
"ကိုကို...ဘာဖြစ်လို့လဲဟင်"
ဆွဲကြိုးကိုကိုင်ပြီး အကြာကြီးငြိမ်နေသည့်ချန်းယောလ်ကို ကောင်လေးက စူးစမ်းတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ကြည့်နေသည်။ ချန်းယောလ်က ဒီဆွဲကြိုးကို မြင်တိုင်း စိတ်ထဲထင့်နေရပြီး ဒီဆွဲကြိုးက ကောင်လေးရဲ့ မိသားစုတွေနဲ့ တစ်ခုခုပတ်သက်နေမလားလို့ တွေးနေမိသည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode