"ကလေး ကောရဲ့ လက်ကိုတွဲ"
အပျော်စီး သင်္ဘောပေါ်တက်ခါနီး ကော က ဂျောင်ဆူး ဆီလက်ကမ်းပေးသည်။ ကောရဲ့ လက်ကို ကိုင်ပြီး သင်္ဘောဖြူဖြူလေးထက်ကို ခုန်ဆွဆွနဲ့လှမ်းကူးလိုက်သည်။ အလုပ်များတဲ့ ကောနဲ့ အပျော်ခရီးထွက်ရသည့်အပြင် တစ်ခါမှမရောက်ဖူးသည့် ကိုရီးယားကိုဆိုတော့ ဂျောင်ဆူး ပျော်နေသည်။
ဇိမ်ခံသင်္ဘောအဖြူရောင်လေးမှာ ကောကောရယ် သူရယ် သင်္ဘောမောင်းသည့် သူရယ် အစားအသောက်ပြင်ဆင်ဖို့ ဝန်ထမ်းများ သာပါသည်။ ရှန်ဟိုင်းကနေ ဆိုးလ်ရောက်ရောက်ချင်း တစ်ရက်နားပြီးတာနဲ့ ကောနဲ့အတူတူ ရေငုပ်လို့ရသည့် ကျွန်းဆွယ်တွေဘက်ကိုသင်္ဘောစီးရန် ထွက်လာခဲ့တာဖြစ်သည်။
သင်္ဘော စ စီးစီးချင်းမှာတော့ ဂျောင်ဆူးက မုန့်စားလိုက် ပင်လယ်ရဲ့အလှကို ခံစားလိုက်နှင့် ပျော်နေခဲ့သည်။ မှန်သားတမျှ ကြည်လင်သော ရေအောက်မှ ငါးအဝါနဲ့ အနက်ကြားလေးတွေ၊ အရောင်ဆန်းဆန်း ငါးလေးတွေ၊ အပင်ငယ်လေးတွေကို ဂျောင်ဆူးက သဘောကျလို့မဆုံး။ ဂျောင်ဆူးလုပ်ချင်သမျှကို အကုန်လိုက်လုပ်ပေးနေတဲ့ ကောကြောင့် အမြဲပျော်ရသည်။
ညနေပိုင်း ကောနဲ့ ညစာအတူတူစားရင်း ကောက သူ့ရဲ့မင်္ဂလာကိစ္စအကြောင်းပြောတော့ ဂျောင်ဆူး စပြီး စိတ်ကောက်တော့သည်။ ကော ကို ဂျောင်ဆူးကလွဲလို့ တခြားသူ လာချစ်မှာ၊ ကောဘက်ကလည်း ဂျောင်ဆူးကလွဲလို့ တခြားသူကို ခွဲချစ်မှာ လုံးဝသဘောမကျပါ။ စိတ်ကောက်သွားတဲ့ ကောင်လေးက တစ်ညလုံး အခန်းပြင်မထွက်တော့ဘဲ သင်္ဘောအိပ်ခန်းထဲမှာ ဂိမ်းဆော့လို့နေသည်။
အချိန်ကြာမှ အိပ်ပျော်သွားပြီး သူပြန်နိုးလာချိန်တွင် လှိုင်း သံ တဝုန်းဝုန်းကိုကြားနေရသည်။ သူဘယ်ရောက်နေလဲ ပြန်စဉ်းစားပြီးမှ အပျော်စီး သင်္ဘောပေါ်ရောက်နေတာ သတိရသွားသည်။ ညနေက ကော ကို စိတ်ကောက်ခဲ့ပြီး သူ့အခန်းက ဂျက်ချထားတာမို့ ကော ဝင်လာပြီး မချော့တာဖြစ်မည်။ နာရီကိုကြည့်လိုက်တော့ ည သန်းခေါင်ကျော်လို့ တစ်နာရီပင်ထိုးတော့မည်။
ခွေခေါက်အိပ်နေရာကနေ ညောင်းလာသောကြောင့် အကြောဆန့်ရင်း အခန်းပြင်ထွက်ခဲ့သည်။ တဝုန်းဝုန်းနဲ့ သူတို့ သင်္ဘောလေးကိုလာရိုက်နေသည့် ပင်လယ်လှိုင်းတွေက ဖွေးဖွေးထနေသည်။ ညအချိန်ဖြစ်သောကြောင့် နက်မှောင်နေသည့် ပင်လယ်ရေပြင်ထက်တွင် သူတို့သင်္ဘောက မီးအဝါလေးများသာ မြင်နေရသည်။ ရေကြောက်တတ်သူမဟုတ်သောကြောင့် အပြင်ဘက်ကိုထွက်ကြည့်ရင်း သင်္ဘောနောက်ဘက်ခြမ်းကိုရောက်ခဲ့သည်။ သူနင်းလျှောက်လာသည့် ကြမ်းပြင်ထိလာစင်နေသော ရေလှိုင်းများကိုတောင် အခန်းတွင်းစီး အမွှေးပွ ဖိနပ်လေးနဲ့ ထိတို့ ကစားလိုက်သေးသည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode