Part 22

262 59 10
                                    

"အစ်ကိုချန်းယောလ်ရေ ပစ္စည်းကားလာပြီ"

"ငါလာမယ် မင်ချော မင်းအရင်သွားနှင့်လိုက်"

နံရံမှာချိတ်ထားတဲ့ ဦးထုပ်ဝိုင်းကို ယူဆောင်းလိုက်ပြီး အလုပ်ခန်းရှိရာဘက်ကနေ ဝိုင်ခြံဘက် ကူးခဲ့သည်။ ချန်းယောလ် ဦးထုပ်ဖြုတ်ယူလိုက်သည့် သံချိတ်ကလေးဘေးတွင် နှီးဦးထုပ်အဝိုင်းလေးတစ်လုံးက နေသားတကျ ကျန်ရှိနေခဲ့သည်။ စိုက်ပျိုးခြံနှင့် ဝိုင်ခြံစပ်ကြားက လမ်းကလေးမှ မြက်ပင်များကလည်းအနည်းငယ် ရှည်လျားနေပြီဖြစ်သည်။ ဒီတစ်ပတ် ပိတ်ရက်နီးမှ ခြံကို မြက်သေချာရိတ်ဖို့ ပြောရဦးမည်။ ဖိနင်းမည့် ခြေထောက်တစ်စုံပျောက်ကွယ်သွားရှာသည့် မြက်ပင်လေးတွေကတော့ ထိုးထိုးထောင်ထောင်နှင့် လေအဝှေ့မှာ ယိမ်းယိုင်လျက်ကျန်ရစ်သည်။

ပစ္စည်းမှာယူထားသည့် စက်ရုံပိုင် ကားပေါ်မှ စက်အချို့ကို လိုက်ပါလာသည့်ဝန်ထမ်းများက မ,ချနေပြီး မင်ချောနှင့်အတူ ဂျွန်ဟီးကလည်း ကူညီပေးလို့နေသည်။ ဂျွန်ဟီးတောင် သူ့မျက်စိရှေ့တွင်ပင် အရွယ်ရောက်လာခဲ့ပြီး မင်ချောမှာလည်း မွေးကင်းစ သမီးလေးတစ်ယောက် ထပ်တိုးပွားနေပြီဖြစ်သည်။

ချန်းယောလ် သေချာမကြီးကြပ်နိုင်လို့ နှစ်နှစ်ကျော်လောက်ပိတ်ထားခဲ့သည့် သူတို့ ဝိုင်စက်ရုံမှာ ဒီနှစ် စပျစ်ရာသီမှ ပြန်ပြီး အသက်သွင်းရမှာဖြစ်သည်။ နှစ်နှစ်အတွင်း ပြောင်းလဲသွားသော နည်းပညာအချို့ကြောင့် သူ စက်အားလုံးကို အသစ်လဲပစ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ စက်အသစ်ဆိုတော့ ဖော်မြူလာအသစ် နည်းအသစ်နဲ့ မရင်းနှီးတဲ့အရာတွေကို လေ့လာရင်း အချိန်ကုန်လို့ရသည်။ ဒါဆိုလျှင် သူပင်လယ်ကိုကြည့်ကာ ငေးမောနေသော အချိန်တစ်ချို့ကို လျော့ချကောင်း လျော့ချနိုင်လိမ့်မည်။

"စက်အခြေအနေ ဘယ်လိုလဲ ဂျွန်ဟီး"

"စက်ဟောင်းတွေနဲ့တော့ တော်တော်ကွာတယ် အစ်ကိုချန်းယောလ်
စက်ရုံက လူတွေက သုံးနည်း စာအုပ်လည်းပေးခဲ့ပြီး သေချာလည်း ရှင်းပြခဲ့ပေးမယ်တဲ့"

"သေချာကြည့်ထားနော်
နောက်ထပ် ဝန်ထမ်းအသစ်တွေဝင်လာရင် ဂျွန်ဟီးက ပြန်သင်ပေးရမှာ"

Red String of FATEWhere stories live. Discover now