Part 24

244 46 7
                                    

ယနေ့မနက် စိုက်ပျိုးခြံကို သွားသည့် လမ်းကလေးတွင် ချန်းယောလ်ဘေး၌ အနွေးဓာတ်ကလေးပါ ပါလာခဲ့သည်။ ကလေးလေးက ခြံကိုသွားသည့်လမ်းတစ်လျှောက် မပြောင်းလဲသည့် မြင်ကွင်းများကို ငေးလျက် လိုက်လာသည်။

"ကိုကို ဒီနေရာတွေက ဘာမှလည်းမပြောင်းသွားဘူး"

"ဟုတ်တယ် ကလေးလေး
ကိုကိုတို့မြို့က အရမ်းကြီးတော့ မတိုးတက်လာဘူး
ကိုကိုတော့ ဒါကိုပဲ သဘောကျပါတယ်
ကလေးလေးနဲ့ အမှတ်တရတွေက ဒီနေရာတွေမှာရှိတာလေ"

"ကလေးလေးက ကိုကို့ကိုရော
မြို့ကိုရော အကုန်လုံးကို လွမ်းနေရတာ
ကောကောက လိုက်ပို့ဖို့ကို သူ့အလုပ်တွေပြီးတဲ့အထိ စောင့်နေရသေးတယ်"

"ဒီည ကလေးလေးက ကောကောဆီလိုက်သွားမှာလား"

"ဟင့်အင်း ကိုကိုနဲ့ပဲနေမှာပါ"

ချွဲတတ်လွန်းတဲ့ အချွဲတုံးလေးက သူ့လက်မောင်းတစ်ဖက်ကို ဖက်လို့ ခေါင်းလေးနဲ့တိုးနေသည်။ ချစ်လွန်းလို့ ငုံသာထားချင်တော့တာပါပဲ။

ခြံထဲရောက်တာနဲ့ သူတစ်ရက်တာပျက်ကွက်သွားသည့် အလုပ်များကို လုပ်ဆောင်ရန် အလုပ်ခန်းထဲသို့သွားရတော့သည်။ ကလေးကတော့ ခြံထဲကို ပြန်ခေါ်လာတဲ့ ယုန်လေးတွေကို မြက်ခင်းမှာလွှတ်ရင်း အလုပ်များလို့နေသည်။ အလုပ်ခန်းတံခါးကိုဖွင့်ထားသောကြောင့် ကလေးလေးဆော့နေတာကို သူသေချာမြင်နေရသည်။

ကလေးက အရင်လို အတိတ်ကို မမှတ်မိတဲ့သူလည်းမဟုတ်တော့ဘူး။ သူ့ကိုယ်သူ ထိန်းကျောင်းတတ်တဲ့ကောင်လေးဖြစ်နေပြီ။ ဒါတွေကိုသိနေသော်လည်း သူက ကလေးကို စိတ်မချနိုင်သေး။ မြင်ကွင်းက နည်းနည်းကွယ်တာနဲ့ လည်ဆန့်ပြီး ရှာရပြန်သည်။

အလုပ်များပြီးသွားတော့မှ ကလေးလေးကို ခေါ်ပြီး နေ့လည်စာစားသည်။ ခြံဝန်ထမ်းများကလည်း ကလေးလေးကို အရင်ကလို မုန့်တွေပေးနေကြတုန်းပဲဖြစ်သည်။

"မုန့်အသစ်လေးတွေ အများကြီးပဲ
ကျွန်တော်ကလေ အကုန်လုံးကိုလွမ်းနေတာသိလား"

"အစ်ကို မင်ချောကိုရော"

"အစ်ကိုမင်ချောကိုရော
အစ်ကိုမင်ချောရဲ့ သားလေးကိုရော
ကြက်ကလေးတွေကိုရော လွမ်းတာ"

Red String of FATEWhere stories live. Discover now