ဒီနေ့က ချန်းယောလ် အလုပ်နားသည့်နေ့မို့ မင်းသားလေးကို ကမ်းခြေဘက် လိုက်ပို့ပေးရန် စီစဉ်ထားသည်။ မနက်စောစော မနက်စာစားပြီးတာနဲ့ သူတို့အတူတူ ကမ်းခြေဘက် ထွက်ခဲ့သည်။ နေရောင် မပြင်းသေးတာမို့ ခရုခွံပုံပါသည့် တီရှပ်အဖြူလေးနဲ့ ချည်ဘောင်းဘီ အဖြူဖွေးဖွေးလေး လဲဝတ်စေပြီး သူတို့အတူတူ ကမ်းခြေဘက်ကို ထွက်လာခဲ့သည်။ ကမ်းခြေက အိမ်နဲ့ မဝေးတဲ့နေရာမို့ အေးအေးဆေးဆေး လမ်းလျှောက်သွားလို့ရသည်။
"ကမ်းခြေမှာ ခရုခွံကောက်မယ်"
"အင်း ကောက်လေ..."
"လှေလည်းစီးမယ်"
"လှေမှမရှိတာ..."
"ဒါဆို ရေဆော့မယ်"
ခုန်ပေါက်သွားနေရင်း သူလုပ်ချင်တာကို ပြောနေတဲ့ မင်းသားလေးက ရေကို အကြောက်အလန့်ရှိတဲ့ပုံမပေါ်။ သူရေထဲကနေ မေ့မြောပြီး ဒီကမ်းခြေကို ရောက်လာတာ သတိရတော့သည့်ပုံလည်း မပေါ်ပေ။
"မင်းက ရေကူးတတ်လို့လား"
"မသိဘူးလေ ကူးကြည့်မယ်"
"နစ်ရင် ဘယ်လိုလုပ်မလဲ ဘာမှကို အကြောက်အလန့်မရှိဘူး"
"ဟိုလှိုင်းလုံး သေးသေးလေးတွေနားပဲ သွားမှာ
မနစ်လောက်ပါဘူး"ကမ်းခြေကို အရှိန်လျော့ပြီး လာရိုက်နေတဲ့ လှိုင်းသေးသေးလေးတွေကို လက်ညှိုးထိုးပြပြီးပြောနေပုံက သူ့ကိုယ်သူ ယုံကြည်မှု အပြည့်နှင့်။ ဘာအပူအပင်မှ မထားတတ်တဲ့ ဝက်ကလေးပဲ။
"ကယ်တင်ရှင် ကျွန်တော်က ခရုခွံလေးတွေကောက်မယ်
ကယ်တင်ရှင်က အိတ်လေးနဲ့ ကိုင်ထားပေးနော်""ဘယ်လောက်တောင် ကောက်မှာမို့လို့လဲ
မင်ချောကောက်ပေးထားတာတွေတောင် အများကြီး
နည်းနည်းပဲကောက်တော့လေ""ဟင့်အင်း အများကြီးကောက်မှာ ရောင်းစားဖို့"
"ဒီကမ်းခြေမှာ ခရုခွံအလကား ကောက်လို့ရနေတာ
မင်းခရုခွံကို ဘယ်သူက ဝယ်မှာလဲ"သူဘယ်လောက်ပြောပြော ခေါင်းမာနေတဲ့ ဝက်ကလေးကတော့ ခရုခွံတွေကို လက်နဲ့အပြည့်ကျုံးကာ အိတ်ထဲထည့်လို့နေသည်။သူတို့မြို့ရှိ ကမ်းခြေလေးက ခရီးသွားတွေ လာတဲ့နေရာမဟုတ်သည့်အတွက် ခရုခွံလေးတွေက သဘာဝအတိုင်း သဲတွေအောက်မှာ မြုပ်လို့ရှိနေသေးသည်။ သဲတွေကို မဖယ်ဘဲဒီတိုင်းကောက်ထည့်နေတာမို့ ချန်းယောလ်ကပဲ ကမ်းစပ်မှာ ခရုခွံကို ရေနည်းနည်းဆေးပြီးမှ အိတ်ထဲထည့်ဖို့ သင်ပေးရသည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode