Part 17

242 56 5
                                    

"ကလေးလေးရေ အဆင်သင့်ဖြစ်ပြီလား
မြန်မြန်လာလေ နောက်ကျမယ်"

ချန်းယောလ် အော်ခေါ်လိုက်မှ ပြေးထွက်လာတဲ့ ကလေးလေး။
အဝါနဲ့အဖြူစင်းရှပ်လေးနဲ့ ဆံပင်တွေကို သပ်ရပ်အောင် သေချာဖြီးထားသေးသည်။

"ကိုကို ကလေးလေးလှလား"

"ဘာလို့ဒီလောက်တောင်ပဲများနေတာလဲ"

"ဟိုဘက်ခြံကို ဝယ်တဲ့သူလာမှာဆို"

"ဘာဆိုင်လို့လဲ..."

"ကိုကိုသွားရင် ကလေးလေးပါ လိုက်မယ်နော်"

မျက်လုံးလေးပိတ်တဲ့အထိ ရယ်ပြီးပြောနေပုံက ထုချင်စရာလေးဖြစ်သည်။ အရင်လို ချန်းယောလ်ဆီက ခွင့်ပြုချက်တောင် မစောင့်တော့ဘဲ သူ့ဘာသာ စိတ်တိုင်းကျ ပြင်ဆင်ထားသေးသည်။ ပုံကျနေတဲ့ဆံပင်တွေကို ချစ်စနိုးနဲ့ဆွဲဖွတော့ အလိုမကျသလို နှုတ်ခမ်းလေးက စူလျက် စိတ်ကောက်ရပြန်သည်။

"ကိုကိုနော် သူများလှနေတာကို"

"ဘယ်သူပြောလဲ မင်းက လှတယ်လို့"

"မလှဘူးလားပြော"

"မလှပါဘူး ဝက်ပေါက်စလေးက ဝက်ရုပ်ပဲထွက်မှာပေါ့"

လုံးတစ်နေတဲ့ ပါးလေးကို ဆွဲပြီးပြောတော့ သူ့လက်ထဲကရုန်းပြီး ခြေဆောင့်ကာ အိမ်ပြင်ထွက်သွားသည်။ ကားတံခါးကို ဝုန်းခနဲပိတ်လိုက်တာလည်း သူ့အပိုင် ဂျစ်ကားလိုမျိုး။ကောက်ချင်နေတဲ့ကောင်လေးကို သူတမင်မချော့ဘဲ မသိချင်ယောင်ဆောင်နေလိုက်တော့ နှုတ်ခမ်းလေးစူကာ အပြင်ကို ငေးလျက်လိုက်ပါလာသည်။

အရင်နေ့တွေကဝတ်နေကျ တီရှပ်နဲ့ ရှပ်အကွက်လေးမဟုတ်ဘဲ အဖြူနဲ့အဝါစင်းရှပ်နဲ့ ဂျင်းအပြာလေးကြောင့်ကောင်လေးက ပိုသန့်နေသလိုလို။ ခြံလာကြည့်မည့်သူက လူစိမ်းမို့ သူ့အသည်းအသက်လေးကို သူက သဝန်တိုချင်ပါသည်။ ကလေးလေးက ဒီလောက်ချစ်စရာကောင်းတာ သူများစိတ်ထဲမှာ ချစ်စရာလေးလို့တွေးမိသွားမှာကိုပင် သူက စိတ်ပူနေရသည်။ ဒါကို ကလေးလေးက နားလည်မည်မထင်ပါ။

တိတ်ဆိတ်နေတဲ့ အလုပ်သွားလမ်းလေးရဲ့ အဆုံးသတ်မှာတော့ သူတို့ရဲ့ စိုက်ပျိုးခြံလေးရှိနေခဲ့သည်။

Red String of FATEWhere stories live. Discover now