ကလေးလေး မနက်နိုးလာတော့ သူ့အိပ်ယာက အရင်နဲ့မတူဘဲ နည်းနည်းကြပ်နေသလားလို့။ လှုပ်စိလှုပ်စိနဲ့ ထဖို့လုပ်ပြီးမှ သူ့ခါးနားမှာ တင်းနေအောင် ဖက်ထားတဲ့ လက်တွေကို သတိထားမိသည်။ ကိုကိုက သူနဲ့တူတူလာအိပ်နေတာပဲ။ ညက မိုးရွာတယ် ထင်ပါရဲ့။ ကိုကို့လက်တွေကို ဖယ်ပြီး ထဖို့ပြင်လိုက်ပေမဲ့ နေမကောင်းတဲ့သူကပဲ အားလျော့နေလို့လားမသိ။ ကိုကို့လက်တွေက အလွန်တင်းကြပ်လို့နေသည်။
"ကိုကိုရေ...ကိုကို ဖယ်ပေးပါ"
ကိုကို့လက်မောင်းကို အတင်းလှုပ်နှိုးကာ ဖယ်ခိုင်းတော့မှ ကိုကိုက နိုးလာသည်။
"ကလေးလေး နိုးနေတာကြာပြီလား
ဆောရီး ကိုကို ဒီနေ့အိပ်ယာထ နောက်ကျသွားတယ်""ကိုကို ညက အိပ်ရေးပျက်လို့လားဟင်"
ကုတင်ခေါင်းရင်းက ပြတင်းပေါက်ကိုဖွင့်ကာ အညောင်းဆန့်နေသော ကိုကို့ကို ကြည့်ပြီး မေးလိုက်သည်။ ကလေးလေးကတော့ အိပ်ယာပေါ်မှာ ထိုင်လျက်သားပဲရှိနေသေးသည်။ အဖျားမရှိတော့သော်လည်း ခန္ဓာကိုယ်က ညောင်းကိုက်နေသေးသည်။
"အိပ်ရေးမပျက်ပါဘူး ကလေးလေးရဲ့
မိုးရွာတော့ ကလေးလေးကို စိတ်ပူပြီး မအိပ်ဖြစ်တာ
အဖျားတော့မရှိတော့ဘူး"ချန်းယောလ်က ကောင်လေး နဖူးနဲ့ ပါးကို စမ်းသပ်ရင်းပြောတော့ ကောင်လေးက မျက်လုံးဝိုင်းလေးနှင့် သူ့ကို လိုက်ကြည့်နေသည်။ အရင်ကြည်ကြည်တောက်တောက်ရှိခဲ့တဲ့ မျက်လုံးလေးတွေက အခုတော့ အဖျားရှိန်နဲ့ မှိုင်းညို့လို့နေသည်။
"ကလေးလေး ဒီနေ့ ခြံထဲလိုက်လို့မရဘူးနော်
အိမ်မှာပဲနေရမယ်
ကိုကိုက အလုပ်ကိစ္စလေး ပြောထားတာရှိလို့ မနက်ပိုင်းခဏသွားပြီး စောစောပြန်ခဲ့မယ်
ဦးလေးဂျွန်နဲ့ခဏနေနော်""ကိုကိုက အလုပ်မသွားလို့မရဘူးလား"
"ခဏလေးတော့ သွားရမယ် ကလေးလေးရဲ့
အလုပ်ကိစ္စက ချိန်းပြီးသားဖြစ်နေပြီ
မနက်ပိုင်းလေးပါပဲကွာ နေ့ခင်းပြန်ခဲ့မယ်နော်""အွန်း.."
မကျေနပ်သည့်ပုံစံနဲ့ နှုတ်ခမ်းစူထားပေမဲ့ သူလိုက်ဖို့လည်းမတတ်နိုင်ရှာတော့ "အွန်း" တစ်လုံးတည်းပြောပြီး စိတ်ကောက်ပြနေပြန်သည်။ သူစိတ်ကောက်တာကို မသိချင်ယောင်ဆောင်ပြီး ချန်းယောလ် မနက်ပိုင်းလုပ်ပေးသွားလို့ရသည့် ရေပတ်တိုက်တာနှင့် မနက်စာကျွေးတာ၊ ဆေးတိုက်တာတွေကို အမြန်လုပ်ပေးလိုက်သည်။

YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode