Part 14

231 62 13
                                    

အိမ်က ကုတင်ပေါ်မှာ ကလေးလေးက ဝမ်းလျားမှောက်လျက် အိမ်ပြင်ကို ကြည့်နေသည်။ ညနေစောင်းပြီမို့ နှစ်ဦးသား ခြံထဲက ပြန်ရောက်နေကြပြီဖြစ်ပြီး ရေချိုး အဝတ်လဲပြီး ခဏနားနေကြတာဖြစ်သည်။ ချန်းယောလ်ကတော့ ပုံမှန်အတိုင်း လုပ်စရာရှိတာကို လုပ်ကိုင်နေပေမဲ့ ကလေးလေးကတော့ ပုံမှန်ထက် တိတ်ဆိတ်ကာ မင်ချောပြောသမျှကို စဉ်းစားနေမိသည်။ အလင်းတန်းထွက်ဖို့ ခက်တယ်ဆိုလည်း ကိုကိုပြုံးရင် လိုက်ပြုံးမိမလား အရင်စဉ်းစားရဦးမည်။

အပြင်ကို ငေးနေတဲ့ ကလေးလေးရဲ့ မြင်ကွင်းထဲကို ကိုကို ဝင်လာသည်။ အိမ်ရှေ့မှာစိုက်ထားတဲ့ အပင်လေးတွေပေါ် ရေပန်းသေးသေးလေးနဲ့ ရေလိုက်ဖြန်းနေတဲ့ ကိုကို့ပုံစံက မြင်နေကျဆိုပေမဲ့ ဒီနေ့ ထူးခြားနေသည်။ အိမ်နေရင်း တီရှပ်ခဲရောင်လေးဝတ်ထားတဲ့ ကိုကိုက သန့်ပြန့်ပြီး ကြည့်လို့ကောင်းနေသည်။ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေက ညနေခင်းရဲ့ လေပြေတိုးဝှေ့မှုကြောင့် ခပ်လွင့်လွင့်။

ခဏနေတော့ ဦးလေးဂျွန်ရောက်လာပြီး ကိုကိုနဲ့ စကားတွေပြောနေကြသည်။ ပုံမှန်အတိုင်းဆို ကလေးလေးက အိမ်ရှေ့ထိထွက်ပြီး စပ်စုမှာပေမဲ့ ဒီနေ့တော့ အိမ်ထဲကနေသာ ငေးကြည့်နေမိသည်။ ဦးလေးဂျွန်နဲ့စကားပြောရင်း ရယ်မောလိုက်တဲ့အချိန် ကိုကို့ပါးပေါ်မှာ ထင်ထင်ရှားရှားဖြစ်တည်လာတဲ့ ပါးချိုင့်လေးကို သဘောကျလိုက်တာ။ကလေးလေး တစ်ဘဝလုံး အဲ့ဒီပါးချိုင့်လေးထဲမှာပဲ ခုန်ဆင်းနှစ်မြုပ်ထားချင်သည်အထိကို သဘောကျသည်။ အကြာကြီးငေးနေရာမှ ကိုယ့်ကိုယ်ကို ပြန်သတိထားမိတော့ သူပြုံးနေမိတာပဲ။ ကိုကို့ကိုကြည့်ရင်း အများကြီး ပြုံးနေမိတာ။ ဒါဆို ဒီတစ်ချက်အရလည်း ကလေးလေးက ကိုကို့ကို ချစ်နေတာ သေချာပြီပေါ့။

"ဟီး ဟီး"

သူ့အတွေးနဲ့သူ ရှက်သွားတဲ့ ကလေးလေးက စောင်ကိုဆွဲကိုက်ရင်း လှိမ့်လိုက်မိတော့ ကုတင်ပေါ်က ပြုတ်ကျသွားတော့သည်။

"အီး နာလိုက်တာ
ကိုကိုရေ ကလေးလေး ပြုတ်ကျသွားပြီ"

အိမ်ထဲက ပြုတ်ကျသွားတဲ့အသံကြောင့် ချန်းယောလ်ရော ဦးလေးဂျွန်ပါ အိမ်ထဲကို အပြေးအလွှားဝင်လာမိသည်။ စောင်နှင့်လုံးပြီး အောက်ကိုပြုတ်ကျသွားတဲ့ ဝက်လေးက သူ့ဘာသာ ပြန်မထဘဲ ပါးစပ်ကနေ အာပြဲနဲ့ အော်ဟစ်ကာနေသည်။

Red String of FATEWhere stories live. Discover now