Part 21

244 61 6
                                        

ချန်းယောလ် ကားမောင်းနေရပေမဲ့ ခရီးမတွင်လှသည့် လမ်းကို စိတ်မရှည်ချင်သလိုဖြစ်လာသည်။ ညက လေအရမ်းတိုက်ထားသောကြောင့် သစ်ပင်အချို့ ကျိုးပဲ့နေပြီး လမ်းပေါ်တွင် ပိတ်နေသည်။ ကားမောင်းလို့ရသေးပေမဲ့ အရင်လောက် အဆင်မပြေသောကြောင့် လိုအပ်တာထက် အချိန်ပိုကြာနေသည်။ မြို့နယ် ဆေးမှူးဆီမှာလိုတဲ့ဆေးတွေ သွားယူလာပြီးနောက် သူ အိမ်ကို အမြန်ပြန်မောင်းလာခဲ့သည်။ ဦးလေးဂျွန်လည်းရှိနေမှာဆိုပေမဲ့ သူက ကလေးလေးကို စိတ်ပူသည်။

ညက လေပြင်းတအားကျသံကြောင့် ချန်းယောလ်နိုးလာချိန်တွင် လျှပ်စစ်မီးက ပြတ်တောက်လျက်ရှိပြီး တစ်အိမ်လုံးမှောင်မိုက်လို့နေခဲ့သည်။ ချန်းယောလ် ဆိုလာမီးချောင်းကိုထွန်းလိုက်ပြီး ကလေးလေး လန့်နေမည်စိုးသောကြောင့် ကလေးအိပ်ယာနားကိုသွားပြီး စောင်သေချာခြုံပေးလိုက်သည်။ ကလေးရဲ့ ကိုယ်ငွေ့နွေးနွေးကို ခံစားရသောကြောင့် နဖူးပေါ်သေချာစမ်းတော့မှ ကလေးက ကိုယ်ပူပြီး ဖျားနေသည်။ သူရေပတ်ဝတ်အုပ်၊ အဝတ်လဲပေးပြီး အိမ်မှာရှိနေတဲ့ဆေးကို တိုက်ဖို့ နှိုးတော့ မျက်လုံးတောင် သေချာမဖွင့်တာမို့ ဆေးကို ရေဖျော်ပြီး ဇွန်းနဲ့တိုက်ပေးရသည်။ ကလေးက ခေါင်းအရမ်းကိုက်တဲ့အကြောင်းသာပြောပြီး ပြန်အိပ်သွားတာ မနက်ထိပဲဖြစ်သည်။

ဖြစ်နိုင်လျှင် ချက်ချင်းတောင် မြို့ဆေးရုံကို ပို့ပေးချင်ပေမဲ့ တစ်ညလုံး လေမငြိမ်ဘဲ လေကြမ်းနေခဲ့သည်။ မနက်ပိုင်းလေငြိမ်ပြီး ကောင်းကင် ကြည်သွားမှသာ ဦးလေးဂျွန်ကို အကူအညီတောင်းပြီး ကလေးကို အပ်ခဲ့ရသည်။ သူကိုယ်တိုင်ကတော့ နီးစပ်ရာ ဆေးမှူးဆီမှာ ဆေးသွားယူရသည်။ ဆေးမှူးအပြောအရတော့ ကလေးဖျားတာက ရေအကြာကြီးဆော့မိတာကြောင့်ဖြစ်နိုင်ပြီး မကြာခဏ ခေါင်းကိုက်တာကတော့ ခေါင်းကို ထိထားဖူးတဲ့ ဒဏ်ကြောင့် ဖြစ်နိုင်သည်။
ကလေးနေကောင်းသွားလျှင်တော့ ဆေးရုံကို မဖြစ်မနေပို့ဖို့သာ ဆေးမှူးက တိုက်တွန်းသည်။

"ချန်းယောလ် ပြန်လာပြီလား
လမ်းအဆင်ပြေရဲ့လား"

"ပြေပါတယ် ဦးလေး
တအားကြီးတော့ ပိတ်မနေဘူး
ကလေးရော နိုးပြီလား"

Red String of FATEWhere stories live. Discover now