Part 18

235 57 6
                                    

ကလေးလေးက လည်ပင်းလေး တရှည်ရှည်နဲ့ သူ့ရှေ့မှာ ရှိနေတဲ့လူတန်းကြီးကို ကျော်ကာ ကိုကို့ကို လှမ်းကြည့်နေရသည်။ ကိုကို့လက်ထဲမှာရှိနေတဲ့ ငွေစက္ကူတွေကို သူ သိပ်သဘောကျတာပဲ။ ဒီနေ့က လခထုတ်ရမည့်နေ့မို့ ကလေးလေးလည်း ခြံဝန်ထမ်းတွေနည်းတူ လခထုတ်ဖို့ တန်းစီနေတာဖြစ်သည်။

"ဂျွန်ဟီးလုပ်တဲ့ ဝိုင်သေတ္တာလေးတွေက ဒီလ အများကြီးရောင်းရတယ်
အဲ့ဒါကြောင့် bonus ထည့်ပေးထားတယ်နော်"

"ကျေးဇူးတင်ပါတယ် အစ်ကိုချန်းယောလ်"

ဂျွန်ဟီးကို ထပ်ပေးလိုက်သည့် စာအိတ်အပါးလေးကို ကလေးလေးက မျက်လုံးလည်အောင် လိုက်ကြည့်လို့နေသည်။ သူလည်း အဲ့ဒီလို စာအိတ်အပိုလေး လိုချင်လိုက်တာ။ သုံးယောက်လောက် ထပ်စောင့်ပြီးတော့ ကလေးလေး အလှည့်ရောက်လာသည်။ ကလေးလေးနောက်မှာလည်း လူတစ်ယောက်မှ မကျန်တော့။ ကိုကို့စားပွဲပေါ်လှမ်းကြည့်တော့ လစာထည့်ပေးနေကျ စာအိတ်အညိုကလွဲလို့ အပိုရှိမနေပေ။

"ကိုကို..."

"ရော့...ကလေးလေးအတွက် ဒီလ လခ"

"ကလေးလေးကိုရော စာအိတ်အပိုမပေးဘူးလား"

"စာအိတ်အပိုက အလုပ်ကြိုးစားတဲ့လူတွေကိုပဲပေးတာ"

မျက်လုံးလေး တလက်လက်နဲ့ ကြည့်နေတဲ့ ကလေးလေးကို ကိုကိုက ဂရုမစိုက်ဘဲ စားပွဲပေါ်က စာအုပ်တွေကို သိမ်းနေသည်။

"ကိုကို...ဟိုလေ ကလေးလေးလည်း အလုပ်ကြိုးစားတယ်လေ"

"ဘယ်မှာကြိုးစားလို့လဲ
ဒီတစ်လအတွင်းမှာ အထုပ်ထဲထည့်ရင်း စားတဲ့ အသီးခြောက်က ဘယ်လောက်ဂရမ်ရှိလဲ သိလား
စိတ်ဆိုးပြီး ဆွဲဖြဲပစ်လိုက်တဲ့ အိတ်တန်ဖိုးကိုရော ထည့်တွက်မိလား
ဟိုးနေ့တွေကလည်း ကိုကို့နောက် လိုက်နေပြီး အလုပ်မလုပ်ဘူးလေ
လစာမဖြတ်တာကံကောင်းတယ်လို့မှတ်"

ကိုကိုက သူ့နဖူးလေးကို လက်ညှိုးနဲ့တွန်းပြီး ပြောသောကြောင့် ကလေးလေးက နှုတ်ခမ်းကို စူလိုက်သည်။ကိုကိုနဲ့ချစ်သူတွေဖြစ်နေပြီပဲကို။ အလုပ်လေးနည်းနည်းခိုမိတာ အပြစ်လား။

Red String of FATEWhere stories live. Discover now