Part 7

247 69 11
                                    

ချန်းယောလ်ရဲ့အတွေးများ တက်တက်စင်အောင်လွဲခဲ့သည်။ စိုက်ပျိုးခြံထဲ တစ်ရက်လိုက်ပြီးရင် နောက်နေ့ မလိုက်ချင်လောက်တော့ဘူးထင်ပေမဲ့ အင်အားအရမ်းပြည့်ဝနေတဲ့ ဝက်ကလေးကတော့ နေ့တိုင်းလိုက်ဖို့ ပူဆာနေတော့သည်။

ချန်းယောလ်မှာ မနက်ခြံထဲသွားခါနီးတိုင်း ရေဗူး၊ မုန့်ထုပ်၊ အဝတ်အပိုတွေနဲ့ ကလေးမူကြိုပို့သလို ပြင်ဆင်ပြီးယူသွားရသည်။ ခြံထဲက အသီးတွေက နေ့တိုင်း သီးမနေသလို နေ့တိုင်းကျွေးနေဖို့ကလည်း အဆင်မပြေ။ ထမင်းစားချိန်ကလည်း ထမင်းနှင့်ဟင်းချည်း သီးသန့်ကျွေးတာမို့ ကောင်လေးကြိုက်တဲ့
ချိုချဉ်တွေ မုန့်ထုပ်လေးတွေက ခြံထဲမှာရော အနီးအနားမှာပါ မရှိ။ သူတို့စီစဉ်နေတဲ့ အသီးခြောက်စပြီး ဖြန့်ချိန်ဆိုရင်တော့ အသီးခြောက်လေးတွေ ကျွေးလို့ရသည်။

"ကျွန်တော် ပြီးပြီ"

ခြံထဲ နေပူဒဏ်ကို ကိုယ်တိုင်ခံစားဖူးသွားတဲ့ကောင်လေးက ရှပ်လက်ရှည် ထပ်ဝတ်ဖို့ မငြင်းတော့။ သူကိုယ်တိုင် စိတ်လိုလက်ရ ယူဝတ်ပြီးသူ့အတွက် အသစ်ဝယ်ပေးလိုက်တဲ့ နှီးဦးထုပ်ဝိုင်းလေးကိုလည်း စောင်းထားသည်။

"Sunscreen ရော..."

"မလိမ်းရသေးဘူး ဟီး"

အရေးကြီးတာကို မေ့သွားသောကြောင့် လျှာလေးတစ်လစ်ထုတ်ပြပြီး သူ့ဘီရိုအထပ်ထဲက Sunscreen ဗူးကို ယူထုတ်လာသည်။

"လိမ်းပေး"

"မျက်စိမှိတ်"

ခုံတန်းပေါ်ထိုင်ပြီး မျက်စိမှိတ်ကာ ခေါင်းလေးမော့ပေးထားသည်။ ဖြူဖြူဖွေးဖွေးမျက်နှာလေးပေါ်သို့ Sunscreen လိမ်းပေးရင်း မျက်စိထဲမဝင်ရန်နှင့် ပါးစပ်နားမရောက်ရန် ဂရုစိုက်ရသေးသည်။ ပထမဆုံး လိမ်းပေးတဲ့နေ့က လိမ္မော်သီးနံ့မွှေးလို့ဆိုပြီး နှုတ်ခမ်းထောင့်မှာပေနေတာကို လျှာနဲ့လှမ်းတို့လို့ ပါးလုပ်ကျင်းပစ်ခိုင်းရသေးသည်။

"နှုတ်ခမ်းလေး လုပ်ပေးဦး"

ဆူထုတ်ထားတဲ့ နှုတ်ခမ်းသားလေးပေါ် စတော်ဘယ်ရီ lip balm လေး လိမ်းပေးလိုက်ပြီးနောက် ကောင်လေးက အပြင်သွားဖို့အဆင်သင့်ဖြစ်သွားသည်။

Red String of FATEWhere stories live. Discover now