Part 11

246 65 4
                                    

"ကိုကိုရေ မနက်စာစားကြမယ်"

မနက်ခင်းစောစောစီးစီး နိုးနေတဲ့ ကလေးလေးက ချန်းယောလ် ပြင်ဆင်ပေးထားပြီးသား မနက်စာကို ဇွန်းနှင့် ခက်ရင်းထည့်ကာ သူပြင်ဆင်ထားသည့်ပုံနှင့် စားဖို့ခေါ်နေသည်။ ချန်းယောလ် ရေချိုး အဝတ်လဲပြီး မနက်စာစားရန် စားပွဲမှာ အတူတူထိုင်လိုက်ကြသည်။

ကလေးလေးက ဒီနေ့အရမ်းတက်ကြွနေတာပဲ။ စိုက်ပျိုးခြံအကြီးကိုမဟုတ်ဘဲ ခြံအသစ်ဘက်ကို ခေါ်သွားပေးမည်ဟု ပြောထားသောကြောင့် ဖြစ်နိုင်သည်။

"ကိုကို ဗိုက်ဝပြီလား ဘာထပ်ယူပေးရဦးမလဲ"

"တော်ပြီ...မင်းရော ထပ်မစားတော့ဘူးလား"

"ဟင့်အင်း သွားချင်နေပြီ"

"ဟိုကျမှ ဗိုက်ဆာနေဦးမယ်"

"မဆာပါဘူး ကိုကိုရဲ့ သွားရအောင်လေ
သွားမယ်နော်"

ခုန်ဆွခုန်ဆွနဲ့ ချန်းယောလ်ကို အတင်းဆွဲခေါ်နေသောကြောင့် လိုတဲ့ပစ္စည်းတွေ အမြန်ယူပြီး ဝက်ကလေးနောက် လိုက်ရသည်။
တစ်နေ့တစ်နေ့ စားလွန်းလို့ အားကလည်း သန်လာလိုက်တာများ။ ချီလိုက်ရရင်လည်း လုံးလုံးတစ်တစ်ကောင်လေးရဲ့ အလေးချိန်က နင့်နေတာပဲ။

"ဖြည်းဖြည်းသွား ချော်လဲမယ်"

လှေကားထစ်တွေကို အမြန်ဆင်းနေသောကြောင့် နောက်ကနေ လှမ်းအော်ပြီး တားရသေးသည်။ မတော်တဆ ချော်ကျသွားပြီး ဒဏ်ရာရသွားမှဖြင့် ခက်ဦးမည်။

ကားလေးကို ဘီး စလှိမ့်တာနဲ့ ကောင်လေးရဲ့ စပ်စပ်စုစု မေးခွန်းတွေက စ တော့သည်။

"ကိုကို ဟိုမှာ ဘာလုပ်ကြမှာလဲဟင်"

"အပင်စိုက်ဖို့ သင့်တော်တဲ့မြေ ဟုတ်မဟုတ် သိရအောင် မျိုးစေ့လေးတွေ စပျိုးရမှာပေါ့"

"ပြီးရင်ရော ကိုကို"

"အပင်ပျိုးတာ ခဏလေးနဲ့ ပြီးမယ်လို့ မင်းက ထင်နေတာလား
တစ်နေကုန် အချိန်ယူပြီး စနစ်တကျ ပျိုးရမှာ"

"ဒါဆိုနောက်နေ့တွေလည်း သွားရဦးမှာပေါ့နော်"

"အဲ့ဒါတော့ မသေချာသေးဘူး
ကိုကိုသွားဖို့မလိုတော့ရင် ခြံလုပ်သားတွေပဲ လွှတ်မယ်လေ
ဘာလို့လဲကလေးလေး"

Red String of FATEحيث تعيش القصص. اكتشف الآن