Part 4

262 57 22
                                    

"ကယ်တင်ရှင်ရေ ကျွန်တော် ကား စီးချင်လို့ပါ"

"မင်းလိုက်လို့မရသေးဘူး
နောက်မှ ခေါ်မယ်နော် အခုဦးလေးဂျွန်စကားနားထောင်ပြီး နေခဲ့"

"လိုက်ချင်တယ်"

"မရသေးဘူးလေ
နောက်တစ်ခါ တကယ်ခေါ်မယ်နော်"

ချန်းယောလ် ယူသွားရမည့် စာရွက်စာတမ်းအချို့နဲ့ ပစ္စည်းဝယ်ဖို့ ပိုက်ဆံအချို့ကို အိတ်ထဲထည့်လိုက်ပြီး အသံတိတ်သွားတဲ့ ကောင်လေးကိုကြည့်လိုက်တော့ ချန်းယောလ်ကို ကျောခိုင်းပြီး ပါးစပ်က ပွစိပွစိနှင့်ပြောနေသည်။ အကြောက်အလန့်လည်းမရှိ အရိပ်အကဲလည်း မသိတဲ့ကောင်လေးက ချန်းယောလ်ကို သူ့ငယ်ပေါင်းကြီးဖော်လို စိတ်ဆိုး စိတ်ကောက်တာမျိုး နေ့တိုင်းလုပ်နေတော့သည်။

ကောင်လေးဒီကိုရောက်နေခဲ့တာ တစ်ပတ်ကျော်သွားပြီဖြစ်သည်။ ဒီနေ့မှ ပြန်ကောင်းလာသည့် လမ်းခရီးကြောင့် ဒီနေ့ပဲ မြို့ကိုသွားပြီး ကောင်လေးရှိနေကြောင်း အကြောင်းကြားရမည်။ ပြီးလျှင် လိုအပ်တာအနည်းငယ်ဝယ်ရမည်။ ကောင်လေးအတွက် သင့်တော်တဲ့ အဝတ်အစားနဲ့ အိပ်ယာခင်းအသုံးအဆောင်တွေလည်း ဝယ်ရဦးမည်။အလုပ်ကိစ္စလည်းနည်းနည်းပါသောကြောင့် ကောင်လေးကို ခေါ်သွားလို့မဖြစ်သေး။ လူမြင်သင့်တော်တဲ့အဝတ်အစားမျိုးလည်း ကောင်လေးမှာမရှိသေး။ ချန်းယောလ်ရဲ့အဝတ်တွေကိုသာ လက်ခေါက် ခြေခေါက်နဲ့ ဝတ်ထားရတာဖြစ်သည်။

"မင်းစိတ်ကောက်ပြနေလည်း ငါကမချော့ဘူးနော်
လိမ်လိမ်မာမာနေခဲ့ ပြန်လာရင် မုန့်ဝယ်ခဲ့မယ်"

"တကယ်နော် ချိုတာတွေ အများကြီးနော်"

"အင်း မင်းလိမ္မာရင်ပေါ့"

"ငြိမ်ငြိမ်လေးနေမယ် လှုပ်တောင်မလှုပ်စေရဘူး"

ချက်ချင်းပဲ ကုတင်ပေါ် ပြေးထိုင်လိုက်တဲ့ကောင်လေးကိုကြည့်ပြီး သူပြုံးလိုက်သည်။
အစားအသောက်နဲ့များ မြှားလိုက်ရင် မလုပ်နိုင်တာမရှိ၊ သူအကုန်လုပ်ချင်သည်။

"ဦးလေး...ကျွန်တော် သွားပြီနော်
နေ့လည်လောက် မင်ချောလာလိမ့်မယ်
သူ့ကို ကုတင်တစ်လုံး အသစ်ရိုက်ခိုင်းထားတာ လာပို့ပေးလိမ့်မယ်"

Red String of FATEWhere stories live. Discover now