တခြားသူတွေအတွက် ထူးခြားမှုမရှိသော ပုံမှန်မနက်ခင်းပေမဲ့ ချန်းယောလ်တို့အိမ်မှာတော့ ထူးခြားမှုအနည်းငယ်ရှိနေသည်။ မနက်စောစောကတည်းက နိုးနေတဲ့ကောင်လေးက ချန်းယောလ်အင်္ကျီကိုဆွဲကာ တကောက်ကောက်လိုက်ပြီး စိုက်ပျိုးခြံထဲလိုက်ဖို့ ပူဆာနေသည်။ သွားတိုက်လည်း သူ့နောက်မှာကပ်လို့ မနက်စာပြင်လည်း သူ့နောက်မှာ ကပ်လို့ပါနေတဲ့ကောင်လေးက ကြာတော့ သူ့အမြှီးနဲ့တောင်တူလို့လာသည်။ ရေချိုးခန်းဝင်တဲ့အချိန်တောင် အတင်းဖြုတ်ချထားခဲ့လို့ ပါမလာတာဖြစ်သည်။
"မင်းသားလေးက ဘာလိုက်လုပ်မှာလဲကွာ
အိမ်မှာလည်း နေခဲ့လို့အဆင်ပြေနေတာပဲ
ညနေကျ မင်းသားလေးကြိုက်တဲ့ အသီးတွေယူလာပေးမယ်
အရင်ထက်ပိုပြီး အများကြီး...""ဟင့်အင်း မစားချင်တော့ဘူး
ခြံထဲပဲလိုက်ချင်တာ လိုက်မယ်နော်
မလိုက်ရရင် အိမ်ကြီးရေမြုပ်သွားတဲ့အထိ ငိုမှာ"နောက်ဆုံးတော့ မင်းသားလေးရဲ့ ဂျစ်ကျမှုဒဏ်ကို မခံနိုင်ဘဲ ခြံထဲခေါ်သွားဖို့သာ သဘောတူလိုက်ရသည်။ သူထားခဲ့ရင် တစ်နေကုန် ဦးလေးဂျွန် ဒုက္ခရောက်တော့မည်။ သူကယ်ထားတဲ့မင်းသားလေးရဲ့ ဆိုးမှု ရစ်မှုတွေကို ဦးလေးဂျွန်လည်း ခံရပေါင်းများနေတော့ အားနာလှပြီ။ သူလုပ်ချင်တာ ပေးလုပ်ထားရင်တော့ ခြံထဲမှာလည်း ကောင်းကောင်းနေလောက်မည်ဟု ချန်းယောလ် ထင်ပါသည်။
"ကယ်တင်ရှင်...ဒါလေးနဲ့လှလား
ဒါလေးနဲ့ရော..."တီရှပ်လေးနှစ်ထည်ကို ကိုယ်မှာကပ်ပြရင်း မေးနေပုံက အပြင်လိုက်ရဖို့ကို အလွန်စိတ်လှုပ်ရှားနေမှန်းသိသာလွန်းသည်။ သူပြတဲ့ထဲက အဖြူရောင်ပေါ် ချယ်ရီသီးပုံပါသော တီရှပ်လေးကို ရွေးပေးလိုက်သည်။ နောက်တစ်ခုက ခရုခွံပုံလေးမို့ ကမ်းခြေဘက်သွားတဲ့နေ့မှ ပေးဝတ်တော့မည်။
"ဒါလေးနဲ့လိုက်ခဲ့ သစ်သီးခြံထဲသွားမှာဆိုတော့ အသီးပုံလေးနဲ့ လိုက်တယ်"
"ဒါဆို ကျွန်တော်ရေသွားချိုးတော့မယ်နော်"
ချန်းယောလ်က ရေချိုးပြီးသွားပြီမို့လို့ ခြံထဲယူသွားမည့် အိတ်နှင့် ဦးထုပ်ကို အသင့်ပြင်ထားလိုက်သည်။ တီရှပ်အဖြူတစ်ထည်တည်းဖြစ်နေလို့ ရှပ်အကွက်လေးပါ ထပ်ထုတ်ပေးထားလိုက်သည်။ ခြံထဲကနေရောင်ပြင်းလွန်းသောကြောင့် ကောင်လေး အပူမိပြီး ဖျားမှာစိုးရသည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode