ချန်းယောလ်ရဲ့ အသီးခြံလေးက အရင်နဲ့မတူပဲ လူတွေပိုစည်နေသည်။ စိုက်ပျိုုးခြံဘက်မှာထက် ဝိုင်ခြံဘက်မှာ ပိုပြီး လူများနေသည်။ဝိုင်ခြံက ဝိုင်ချက်သည့်နေရာနှင့် မြေကွက်လပ်ကျယ်ရှိသည့်အပြင် စပျစ်နွယ်များနှင့် အလှဆင်ထားသည့်အနားယူစရာနေရာလည်းရှိသည်။ အရင်က မြက်ရိုင်းမဟုတ်သော်လည်း အနည်းငယ်ထူသော မြက်ပင်ကြမ်းများရှိတတ်သည်။ အခုတော့ မြက်များကို တုံးနေအောင်ရိတ်ထားပြီး စိမ်းစိုနေရန် ရေလည်း ဖြန်းထားသေးသည်။ ဟိုသွား ဒီသွားရှုပ်နေကြသည့်လူများကိုကြည့်ကာ ကလေးလေးက စပ်စုချင်နေသည်။ ချန်းယောလ် အလုပ်ခန်းမှာ အသီးခြောက်ထည့်လိုက်၊ ဖင်လေးတကြွကြွနဲ့ ဟိုးဘက်ကို လှမ်းစပ်စုလိုက် လုပ်နေတာကို ချန်းယောလ်က မျက်စိနောက်လာပုံပေါ်သည်။
"ကလေးလေး ထိုင်ရင်လည်း ထိုင်
ထ ရင်လည်း ထ လေ ဘာဖြစ်နေတာလဲ""ကိုကို...သူတို့က ဘာလုပ်နေကြတာလဲ လူအများကြီးပဲ"
"ခြံထဲမှာလုပ်မဲ့ပွဲအတွက် ပြင်နေတာလေ ကလေးလေး"
"ဘာပွဲလဲဟင်"
ပွဲဆိုတာနဲ့ စိတ်ဝင်စားသွားသည့် ကလေးလေးက ချန်းယောလ်စားပွဲနားကပ်လိုက်ပြီး မျက်လုံးလေးတွေက အရောင်တစ်လက်လက်။
"မင်္ဂလာပွဲတစ်ခု ခြံထဲမှာ လက်ခံထားတယ်"
"မင်္ဂလာပွဲလား
လူအများကြီးလား""အင်းပေါ့..."
"ဒါဆို..."
"ခဏလေးနော် ကလေးလေး
ကိုကို အလုပ်ကိစ္စသွားပြောဦးမယ်"ချန်းယောလ်က အခန်းပြင်ကိုလှမ်းကြည့်ပြီး ယူဂျောင်းနဲ့ နောက်ထပ် ဧည့်သည်နှစ်ယောက်ကိုမြင်တာနဲ့ ဖိုင်တွဲတစ်ခုကို ယူပြီး အပြင်ထွက်သွားသည်။ အရမ်းစပ်စုချင်နေတဲ့ကလေးလေးကတော့ ချန်းယောလ် ပြန်လာတာကို မစောင့်နိုင်တော့ဘဲ မင်ချော အလုပ်လုပ်နေသည့် နေရာသို့ ထွက်လာခဲ့သည်။ မင်ချောကလည်း စာရင်းစာအုပ်တစ်အုပ်နှင့် အလုပ်များနေရာမှ ကလေးလေးကို မော့ကြည့်သည်။
"မင်ချော...ခြံထဲမှာ မင်္ဂလာပွဲလုပ်မှာဆို"
"ဟုတ်ပါ့ဗျာ...
အဲ့ဒါကြောင့်လူတွေများနေတာ"
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode