Part 5

274 66 15
                                        

စိုက်ပျိုးခြံလုပ်ငန်းက နားရက်မရှိပေမဲ့ ချန်းယောလ်ခြံထဲက လုပ်သားတွေကိုတော့ ရက်အလိုက် ပေးနားသလို ချန်းယောလ်ကိုယ်တိုင်လည်း တစ်ပတ် တစ်ရက် နားရက် ယူဖြစ်သည်။ ဒီနေ့တော့ အိမ်ကို အုပ်ချုပ်ရေးမှူးလာမည်ဆိုသောကြောင့် နားရက်ယူထားပြီး မနက်စောစောကတည်းက ကောင်လေးနဲ့အတူတူရှိနေသည်။

ချန်းယောလ် ဝယ်လာပေးသော အဝတ်များက သူနှင့်ကွက်တိပဲမို့ အရင်လို ကပိုကယိုတွေဖြစ်မနေတော့။ ချန်းယောလ်အဝတ်ဘီရိုအောက်ဆုံးထပ်ကို သူ့အဝတ်တွေထည့်ပေးထားသောကြောင့် ထိုအထပ်ကို သူ့အပိုင်လို သူသဘောကျသည့် ပစ္စည်းများပါ ထည့်သိမ်းထားသေးသည်။ ကမ်းခြေကနေ မင်ချောကောက်လာပေးတဲ့ ခရုခွံအချို့နဲ့ ဦးလေးဂျွန်ဆီက ပုံပြင်စာအုပ်အချို့ကိုလည်း ထည့်သိမ်းထားသည်။

ဦးလေးဂျွန်က စာအုပ်ဆိုင်ဖွင့်ခဲ့ဖူးသူဆိုတော့ သူ့အိမ်မှာစာအုပ်အတော်များများရှိသည်။
ထိုအထဲက ကောင်လေးသဘောကျသည့် ပုံပြင်စာအုပ်တွေကို ချန်းယောလ်အိမ်ဘက်ပို့ပေးထားတာဖြစ်သည်။ ချန်းယောလ် အိမ်သန့်ရှင်းရေးလုပ်ပြီး နောက်ဖေးမှာ ချက်ပြုတ်နေတုန်း ကောင်လေးက ပုံပြင်စာအုပ်လေးကိုင်ပြီးအနားရောက်လာသည်။

"ကယ်တင်ရှင်က ဒီနေ့ အလုပ်မသွားဘူးလား"

"အင်း အိမ်ကိုဧည့်သည်လာစရာရှိလို့"

"ဒါဆို တစ်နေကုန် တူတူနေရမှာပေါ့
ကျွန်တော့်ကို ပုံပြင်ဖတ်ပြမှာလား"

"ညအိပ်ယာဝင်ခါနီး ဖတ်ပြမယ်"

"အခုနားထောင်ချင်တာကို"

"ငါမအားဘူးလေ မင်းလည်း ဖတ်တတ်ရဲ့သားနဲ့
ကိုယ့်ဘာသာဖတ်ပါလား"

ချန်းယောလ်က ချက်ပြုတ်ပြီးသွားတဲ့ ဟင်းအိုးကို မီးဖိုပေါ်ကချကာ မီးပိတ်လိုက်သည်။ ထို့နောက် ဧည့်သည်လာရင် ဧည့်ခံရန် အသီးများကို ရေးဆေးပြီး ပန်းကန်ထဲသေချာထည့်နေလိုက်သည်။

"သူများဖတ်ပြတာနားထောင်ချင်တာကို
ဦးလေးဂျွန်ဆီသွားလိုက်ဦးမယ်နော်
ထမင်းစားခါနီးပြန်လာခဲ့မယ်"

Red String of FATEWhere stories live. Discover now