Part 2

300 58 6
                                    

မနက် ၄ နာရီလောက်မှ လေရောမိုးပါ ငြိမ်သွားပြီး ရာသီဥတု ပုံမှန်ပြန်ဖြစ်သွားသည်။သူတို့မြို့မှာတော့ ဒီလို မုန်တိုင်းငယ်လေးတွေ ဝင်တာနဲ့ လေပြင်းကျတာတွေက ပုံမှန်ဖြစ်နေကျအရာတွေလို မထူးဆန်းလှ။ ဦးလေးဂျွန် သူ့အိမ်ဘက်ကို ပြန်သွားပြီးနောက် ချန်းယောလ်လည်း မျက်နှာသစ်ပြီး ခြေလက်သန့်စင်လိုက်သည်။

တစ်ညလုံး အဖျားတက်နေတဲ့သူက မနက်ပိုင်းရောက်တော့ အနည်းငယ် သက်သာသွားဟန်ရှိသည်။ သေချာလဲမပေးရသေးသော အဝတ်အစားများကို လဲပေးရန် ချန်းယောလ်ရဲ့ အဝတ်အချို့ကို ယူထုတ်လိုက်သည်။ သူနဲ့ အဲ့ဒီလူနဲ့က အရွယ်အစားတော်တော်ကွာတာပဲ။ သူ့အဝတ်တွေနဲ့ အရမ်းကြီးမတော်မတည့်ဖြစ်နေလောက်ပေမဲ့ သူ့မှာလည်း ဒီထက် ပိုသေးတာမရှိတော့။

တစ်ကိုယ်လုံးကို ပတ်ထားတဲ့ စောင်တွေကိုဖယ်ထုတ်လိုက်ပြီး ကောင်လေးကိုယ်မှာပါလာတဲ့ ရှပ်အဖြူစင်းလေးကို ချွတ်လိုက်သည်။ ကောင်လေးရင်ဘတ်ပေါ်မှာ ရှိနေတဲ့ ဆွဲကြိုးလှလှလေးက ရေစိုထားသောကြောင့် ပိုပြီး တောက်ပလာပုံရသည်။ ငွေရောင်ကြိုးမျှင်လေးမှာ အနက်ရောင်ပုလဲနဲ့ အဝိုင်းပုံစံ လော့ကတ်သေးသေးလေးလည်းပါသေးသည်။ အအေးပြန်ပတ်မှာစိုးသောကြောင့် ချန်းယောလ်အဝတ်များကို အမြန်ဝတ်ပေးလိုက်ပြီး နဖူးပေါ်က ရေပတ်ဝတ်ကို ဖယ်ပစ်လိုက်တော့သည်။

"အစ်ကို ချန်းယောလ်ရေ
ကျွန်တော် မင်ချောပါ"

"ဝင်ခဲ့ တံခါးစေ့ထားတယ်"

မင်ချောက ခြင်းတောင်းတစ်လုံးကို မနိုင်မနင်းဆွဲကာ အိမ်ထဲကိုဝင်လာသည်။ ပွင့်သွားသည့် တံခါးကနေ အပြင်အခြေအနေကိုလှမ်းကြည့်တော့ အုံ့မှိုင်းမှု အနည်းငယ်ရှိနေတုန်းဖြစ်သည်။

"လေသေချာငြိမ်ရဲ့လား"

"ငြိမ်နေပါပြီ ကောင်းကင်လည်း မကြာခင်ကြည်သွားတော့မှာ
အိမ်ကနေလေ စွပ်ပြုတ်ယူလာပေးတယ်
အစ်ကို့အတွက်ရော ဒီကလူအတွက်ပါ"

"သူက သတိတောင်မရသေးဘူး
အဖျားတော့ကျတယ် ဆေးပေးခန်းသွားချင်ပေမဲ့ အခုချိန် လမ်းတွေက အဆင်မပြေဘူးထင်တယ်"

Red String of FATEOpowieści tętniące życiem. Odkryj je teraz