Part 20

219 55 2
                                    

ကလေးလေးရဲ့ လက်ဖောင်းဖောင်းလေးပေါ်က အပ်ပေါက်ရာလေးကို ချန်းယောလ်နှုတ်ခမ်းနဲ့ ထိကပ်နမ်းလိုက်သည်။ ကလေးကို ဆေးရုံပို့ဖို့ အဆင်မပြေသောကြောင့် မြို့က ဆေးမှူးကိုပင့်ကာ ကလေးကို ကြည့်ပေးဖို့ အကူအညီတောင်းရသည်။ ဆေးမှူးက ခေါင်းကိုက်တာ သက်သာဖို့ ဆေးထိုးပေးသွားပြီး ကလေးကို အနားယူစေဖို့နဲ့ သက်သာလာလျှင် ဆေးရုံပြဖို့  တိုက်တွန်းကာ ပြန်သွားသည်။ အိမ်ပြန်ရောက်ကတည်းက အိပ်နေတဲ့ကလေးလေးက ညနက်တဲ့အထိ နိုးမလာဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေတုန်းဖြစ်သည်။ အဖျားမရှိတာမို့ ထိုးဆေးအရှိန်နဲ့အိပ်ပျော်နေတာမှန်းသိသော်လည်း ချန်းယောလ်ကတော့ ကလေးလေးကို စိတ်ပူကာ တော်တော်နဲ့ အိပ်မပျော်ခဲ့ပေ။

"ကိုကို ကိုကို"

ကလေးလေးရဲ့ ခေါ်သံကြားမှ ချန်းယောလ် နိုးလာခဲ့သည်။

"ကိုကိုဒီမှာဘာလုပ်နေတာလဲ"

ကလေးလေး ကုတင်ပေါ် ခေါင်းမှောက်လျက် အိပ်နေသော ချန်းယောလ်ကိုကြည့်ပြီး ကလေးက မေးသည်။

"ကိုကို ကလေးလေးကို စောင့်ပေးရင်း အိပ်ပျော်သွားတာ
နေကောင်းလား ခေါင်းကိုက်နေသေးလား"

"ဟင့်အင်း ခေါင်းမကိုက်တော့ဘူး
ဗိုက်တော့ဆာတယ်"

"အင်း မနေ့က ညစာမှ မစားဖြစ်လိုက်တာ
မျက်နှာသစ်ပြီး မနက်စာစားရမယ်"

ကလေးလေးကို ချန်းယောလ်ကိုယ်တိုင် မျက်နှာသစ်ပေးပြီး မနက်စာပြင်ပေးသည်။
အရမ်းစိတ်ပူနေခဲ့ပေမဲ့ ကလေးက လန်းလန်းဆန်းဆန်းလေးရှိနေသေးလို့တော်ပါသေးသည်။ ဒီတစ်ခေါက်နားရက်မှာတော့ ချန်းယောလ် စိတ်မပါပေမဲ့ ကလေးကို မြို့မှာဆေးခန်းလိုက်ပြပေးဦးမည်။ သူ့အတိတ်တွေကို မှတ်မိသွားမှာ စိုးရိမ်သလိုဖြစ်နေခဲ့သော်လည်း ကလေး နေမကောင်းမှာကို ပိုပြီးစိုးရိမ်မိသည်။

"ကလေးလေး ဒီနေ့ အိမ်မှာပဲ နားကြမယ်နော်
မနက်ဖြန်မှ အလုပ်သွားမယ်"

"ကိုကိုလည်း နားမယ်မလား
ကိုကိုနဲ့ပဲနေမှာနော်
ဦးလေးဂျွန်နဲ့ မအပ်ခဲ့နဲ့တော့"

Red String of FATEWhere stories live. Discover now