Part 15

246 58 5
                                    

ကမ္ဘာပေါ်က အနွေးထွေးဆုံးနေရာမှာ ကလေးလေးရောက်နေသည်။ အဲ့ဒီနေရာကတော့ ကိုကို့ရဲ့ ရင်ခွင်ပေါ့။ ကျယ်ဝန်းပြီးနွေးထွေးတဲ့နေရာကို ကလေးလေးက အများကြီးသဘောကျသည်။ ကိုကို့ရင်ခွင်ကျယ်ကြီးနဲ့ ကလေးလေးရဲ့ခန္ဓာကိုယ်နဲ့ နည်းနည်းလေးမှ ဝေးကွာမသွားအောင် ဖက်တွယ်ထားလိုက်သည်။

"ကလေးလေး"

"ဗျာ..."

ကိုကို့ရင်ခွင်ထဲ တိုးဝင်နေရင်က ကိုကို့ကို ပြန်မော့ကြည့်လိုက်သည်။ ကိုကိုကလည်း ကလေးလေးကို အကြင်နာမျက်ဝန်းတွေနဲ့ ငုံ့မိုးကြည့်လို့နေသည်။

"ချစ်လား"

"အများကြီးချစ်တယ်"

"လိမ္မာလွန်းလို့ ဆုချရမှာပဲ"

တဖြည်းဖြည်းနဲ့ ငိုက်ကျလာတဲ့ ကိုကို့မျက်နှာချောချောလေးကြောင့် ကလေးလေးက မျက်လုံးမှိတ်လိုက်သည်။ ကိုကိုနဲ့ မြန်မြန်နီးစပ်အောင် နှုတ်ခမ်းလေးကိုလည်း ဝက်ကလေးလို စူထော်ထားလိုက်သည်။

"ကလေးလေး...
ကလေးလေး"

"အင်...ဟင်"

ကလေးလေး မျက်လုံးဖွင့်ကြည့်လိုက်တော့ ဝက်နှုတ်ခမ်းလို ပွစိပွစိလုပ်နေသော နှုတ်ခမ်းထူလေးကို ကိုကိုကလှမ်းဆွဲရင်း ရယ်နေသည်။ အခုသေချာကြည့်မှ ကလေးလေးက ကိုကို့ရင်ခွင်ထဲမှာမဟုတ်ဘဲ စောင်ပုံကြီးထဲမှာပဲ။ ကိုကိုကတော့ စိုက်ပျိုးခြံထဲသွားဖို့ အဝတ်အစားတောင် လဲပြီးနေပြီဖြစ်သည်။

ဟင်း...ကလေးလေး အိပ်မက်မက်နေတာပဲ။ ကလေးလေး ညတုန်းက ကိုကို့ရင်ခွင်ထဲမှာ အိပ်ပျော်သွားသည်။ အိပ်မပျော်ခင် သူတို့ ချစ်သူတွေဖြစ်သွားသေးသည်။ ဒါကရောတကယ်ပဲလား။ အိပ်မက်လား။

"ထတော့လေ ခြံထဲမလိုက်ဘူးလား"

"အွန်း..."

ဇဝေဇဝါဖြစ်နေတဲ့ ကလေးလေးက သွားတိုက်ရင်း သွားတိုက်တံကြီးကို ကိုက်လျက် စဉ်းစားနေမိသည်။ ကိုကို့နောက်မှာ အလင်းတန်းတွေတွေ့တာရော ကိုကို့က သူ့ကိုချစ်တယ်လို့ပြောတာရော တကယ်လား။ သူအအိပ်လွန်ပြီး အိပ်မက်မက်တာလား။

Red String of FATEWhere stories live. Discover now