(အပိုင်း-5)

1.3K 72 0
                                    

Unicode

ပြတင်းပေါက်ကလာတဲ့ ဆောင်းလေးများက နှာဝထဲကနေအဆုတ်ထဲအထိ ရောက်သွားချိန်မှာ တစ်စုံတစ်ခုနဲ့ထိတွေမိပြီး ၊ ထိုအရာများက ကျွန်တော့်ရဲ့သက်ပြင်းချသံနဲ့အတူ နှုတ်ခမ်းဝမှ အပြင်သို့ကပ်ပါသွားသည်။

စိတ်ဖိစီးစရာပြဿနာပေါင်းစုံက ကျွန်တော်ဘဝတွင် တစ်ရက်နှစ်ရက်အတွင်း ရုပ်ရှင်ပိတ်ကားသဖွယ် လျှင်လျှင်မြန်မြန်ဘဲဖြစ်ပျက်သွားခဲ့၏။မျက်တောင်တစ်ချက်ခတ်ရင်တောင် မျက်ရည်ပူတစ်ပေါက်ကျရတဲ့ ဆိုးရွားတဲ့ပြဿဒါးရက်များအတွင်း ပြင်ပဒဏ်ရာများနဲ့ စိတ်ဒဏ်ရာများက ခံစားချက်များနဲ့တိုက်ရိုက်အချိုးကျနေသည်။

ဆောင်းကိုချစ်သည်။ဆောင်းကိုချစ်သော ချစ်သူကိုလည်း...ချစ်သည်။

သို့သော်....ယခုတော့ ဆောင်းကိုမုန်းချင်သွားပြီ ။မဟုတ်ဘူး ဆောင်းကိုမုန်းလိုက်ပြီ။ဆောင်းသည် ကျွန်တော်ချစ်ရတဲ့လူများကို ဆောင်းလေအဝှေ့တွင် အဝေးတစ်နေရာကို ခေါ်ဆောင်သွားသည်။

ရှင်ကွဲကွဲခဲ့ရသည့်ဆောင်း.......

ယခု..သေကွဲကွဲခဲ့ရသည့်ဆောင်း.....

ကျွန်တော့်တို့အတွက် နာကျင်စရာများ ယူဆောင်လာခဲ့သောဆောင်း ။

ရာသီဥတုက အေးစိမ့်စိမ့်ကလေးပေမဲ့ နေရောင်ရအောင်တော့ အပြင်ကိုထွက်ခဲ့မိသည်။ကောင်းကင်ကြီးမှာဝါရွှေရောင်သန်းလို့ တိမ်ဖြူများက လေနှင်ရာသို့လွင့်ပါမျောနေသည်။လွတ်လပ်သော တိမ်ဖြူများရဲ့ဘဝကိုအားကျလို့နေရင်း ကိုယ့်ဘဝအကြောင်းကိုတော့ ရယ်တစ်ချက်စုတ်သပ်မိသည်။

နာကျင်စရာတွေထဲ ကြည်နူးရတာလေးများလည်း ကပ်ညှိပါနေစမြဲလေ။ကျွန်တော်သည် ဆောင်းရဲ့နေရောင်ခြည်ကို ချစ်ပါသည်။အေးစက်နေချိန်အတွင် ရခဲ့တဲ့အနွေးဓာတ်လေးက လမ်းပျောက်နေတဲ့ကျွန်တော့်ဘဝအတွက် ကောက်ရိုးမျှင်လေးလိုပါဘဲ။

အနာဂတ်မှာ လမ်းပျောက်သူ။

. . . . . . . . . . . . . . . . . . . . . . . . .

အချိန်ကာလအားဖြင့် သုံးနှစ်မျှကြာညောင်းခဲ့ပြီ.....

လူတွေ ၊ တိုက်တွေ ၊ အဖွဲ့အစည်းအသစ်တွေကြား မပြောင်းလဲခဲ့သည်မှာ နှင်းဆီဖြူများစိုက်ပျိုးထားသော ကျွန်တော်တို့ရဲ့ခြံကြီးဖြစ်သည်။

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedWhere stories live. Discover now