(အပိုင်း-23)

520 28 2
                                    

Unicode

"အရင်တုန်းကတော့ ခွန်းရဲ့အမေဟာ နန်းယဥ်မွေ့ဆိုတဲ့အမျိုးသမီးတစ်ယောက်တည်း။ဒါပေမဲ့ မေမေမဆုံးခင်တုန်းက အဖွားဆိုတဲ့လူက ရောက်လာပြီးတော့ ခွန်းကမေမေရဲ့အစ်မ ကြီးကြီးရဲ့သားဆိုပြီးပြောတယ်။ကြီးကြီးကခွန်းကို သားလို့မသတ်မှတ်ဘူး။ခွန်းဘက်ကလည်း အမေလို့မသတ်မှတ်ခဲ့ဘူး"

"နန်းထိပ်ထားရဲ့ကလေးက....."

"ကျွန်တော်သိနှင့်ပြီးသားပါ ဆရာကြီး။လူကြီးတွေက သူတို့မနိုင်တဲ့ဇာတ်ကိုကထားပြီး ကျွန်တော်တို့ကျတော့ သူတို့ရဲ့ဇာတ်ထုတ်ကိုဖြေနေရတယ်"

ဆရာကြီးရဲ့.... မနိုင်တဲ့ဇာတ်ဆိုတဲ့ တီးတိုးစကားကို ကြားရသည်။လက်သီးဆုပ်ထားတဲ့ ခွန်းရဲ့လက်အား ကိုကို့ရဲ့လက်ဖဝါးနွေးနွေးက လာရောက်ဆုပ်ကိုင်ထားသည်။ခွန်းကိုကို့အားမော့ကြည့်လိုက်သည်။ကိုကိုက အားပေးတဲ့အနေနဲ့ပြုံးပြသည်။

ဆရာကြီးက ခွန်းတို့နှစ်ယောက်ရဲ့ အပြုအမူအား သေချာစိုက်ကြည့်နေသည်။လူကြီးဖြစ်လို့ မသိချင်ယောင်ဆောင်နေပေမဲ့ သူလည်းတစ်ခုခုသိထားကြောင်း ခွန်းသတိထားမိပါသည်။

"ရှေ့ရက်က ကျွန်တော်သွင်ယောငယ်ရဲ့ ဒိုင်ယာရီစာအုပ်ကိုတွေ့တယ်။ကျွန်တော်ဘဝအကြောင်း သေသေချာချာသိသွားခဲ့ပြီ။ဒီ့အတွက် ဘယ်လိုမှတော့မခံစားရပါဘူး။ကျွန်တော်သိချင်တာက ဖေဖေအခု ဘယ်မှာနေလည်းဆိုတာဘဲ"

"သားအဖေကတော့ တွေ့ချင်လိမ့်မယ်မထင်မိဘူး...သူက သားကိုအရမ်းအားနာနေတာ....သားသူ့ဆီသွားလည်လို့ ဖြစ်ပါ့မလား"

"ကျွန်တော်အပြီးပိုင်သွားနေမှာ.... ဖေဖေအနားမှာ အားကိုးရတဲ့သားတစ်ယောက်အနေနဲ့ တာဝန်ကျေချင်လို့ ဖေဖေရှိတဲ့နေရာမှာ သွားနေချင်တာ။ကျွန်တော်မှာ မေမေမရှိတော့ဘူး... ဒါပေမဲ့ဖေဖေရှိသေးတယ်....ဖေဖေကိုလုပ်ကျွေးဖို့ ကျွန်တော်စိတ်ပိုင်းဖြတ်ထားခဲ့ပြီးပြီ"

"ထူးထက်မြတ်က သားကိုသူတို့နဲ့နေဖို့ လက်မခံရင်ရော"

"ကျွန်တော်ဖေဖေတို့အိမ်ရှေ့မှာ တဲထိုးပြီးနေမှာ။အိမ်ပေါ်မတတ်ရလည်း အဆင်ပြေတယ်"

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedWhere stories live. Discover now