(အပိုင်း-14)

557 36 4
                                    

Unicode

ဆက်သွယ်မှုရပ်ဝန်းငယ်နှစ်ခုကြား လေတိုးသံများသာ တိုးတစ်ခါကျယ်တစ်လှည့်ကြားနေရသည်။ခွန်းရဲ့မျက်ဝန်းများက တည်ငြိမ်ပြီး
တစ်ဖက်ကစကားပြန်မလာခဲ့ချိန် ကိုယ့်ယုံကြည်မှုနဲ့ကိုယ် နောက်တစ်ခေါက်ထပ်ခေါ်လိုက်သည်။

"နေကောင်းလား"

"...."

"ငါတို့ကိုအရူးလုပ်ပြီးထွက်ပြေးနေတာ မမောသေးဘူးလား"

တစ်ဖက်လူဆီက သက်ပြင်းချသံတိုးညှင်းညှင်းလေးကြောင့် လက်တန်းပေါ်ကလက်ချောင်းများ ပို၍တင်းကျပ်လာရသည်။ဘာတွေက မင်းအတွက် သက်ပြင်းချစေခဲ့တာလဲ။

"တောင်းပန်ပါတယ်"

အရင်ကနဲ့မတူ သြရှလို့ကြည်လင်တဲ့အသံလေးက သုံးနှစ်အတွင်း ပထမဆုံးကြားလိုက်ရတဲ့အသံလေး။

လွမ်းနေခဲ့တာ.....။

"တောင်းပန်တာကို လက်မခံနိုင်ဘူး၊ အခုပြန်လာခဲ့တော့"

"ဟင့်အင်း ငါသူ့ကိုကြောက်တယ်"

အစကတည်းက လွဲမှားနေကြတဲ့အတွေးတွေကြောင့် နှစ်ဦးသားကြားမှာ အချိန်တော်တော်ကြာသည်ထိ ခွန်းဘယ်လိုမှညှိပေးလို့မရတာလည်း မဆန်းပါဘူး။အတွေးတွေနဲ့ ထင်ချင်ရာထင်နေကြ ၊မသေမချင်းလွဲနေလိုက်ကြ.....။

"သူကမင်းကိုစောင့်နေတုန်းဘဲ မင်းပြန်လာရင်သူအရမ်းပျော်သွားမှာ"

"ငါ..... ငါအိမ်ထောင်ကျသွားပြီခွန်း"

"မနောက်နဲ့ မရယ်ရဘူး"

"အတည်ပြောတာ"

တည်တည်ငြိမ်ငြိမ်နဲ့ တစ်လုံးချင်းပြောနေတဲ့ပုံကိုထောက်ပြီး နည်းနည်းတော့ယုံလိုက်မယ်။

"ကွာရှင်းလိုက်"

တိကျသေချာတဲ့စကားတစ်ခွန်းက တစ်ဖက်လူရဲ့စိတ်ကို ကျဥ်းထဲကျပ်ထဲရောက်ဖို့တန်ပါတယ်။ကိုယ့်သူငယ်ချင်းကို နောက်ထက်ကိုယ့်သူငယ်ချင်းအရင်းကြီးနဲ့ ပေးစားချင်တာအပြစ်လား။

"လင်မယားလုပ်တမ်း ကစားနေတာမဟုတ်ဘူးနော်ခွန်း"

"ငါ့အတွက်တော့ မင်းရဲ့အိမ်ထောင်ရေးအကြောင်းက လင်မယားလုပ်တမ်းကစားတာလောက်တောင် အရေးမပါဘူး"

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedOù les histoires vivent. Découvrez maintenant