(အပိုင်း-8)

1K 62 2
                                    


Unicode

ဘာဂျာတံခါးအားတွန်းဖွင့်လိုက်ပြီး ပါလာတဲ့ အထုတ်များအား အိမ်ပေါက်ဝမှာတင်ချထားလိုက်သည်။ရက်ပိုင်းလေး အိမ်မှာမရှိတာနဲ့ သူ့အိမ်မှာ ဖုန်တစ်ပိဿာတတ်နေပြီ။ဖိနပ်ကိုချွတ်ကာ စင်ပေါ်တင်ရင်း ဖိနပ်ချွတ်စင်ပေါ်က ဖုန်မှုန့်တွေကိုကြည့်ပြီး စုတ်တစ်ချက်သက်လိုက်မိသည်။

"ခွန်း လာလေဒီကို။ ဒါ.......ကိုကိုတို့အိမ် "

မနက်စောစောထကာ ကားစီးလာရတာကြောင့် ခွန်းမျက်နှာလေးညှိုးနေသည်။နဂိုကတည်းက သူစိမ်းတစ်နယ်မှာ သူ့အားကိုးပြီး လိုက်လာပါတယ်ဆိုမှ အရိပ်အကဲနားမလည်ဘဲ စုတ်သက်မိတဲ့ သူကိုယ်တိုင်ကြောင့် ခွန်း
လန့်သွားတာဖြစ်မယ်။

"လာလေခွန်းရဲ့ အိမ်ထဲမဝင်တော့ဘူးလားကွ "

သူ့ဘက်က ရယ်ရယ်မောမောပြန်ပြောမှ ခေါင်းလေးတညိမ့်ညိမ့်နဲ့ သူ့နားလာကပ်တဲ့ ခွန်းပါလေ။

စနိုးလေးလိမ်းထားတဲ့ ခွန်းက ကလေးပေါက်စလေးလို ချစ်ဖွယ်အတိဖြစ်နေပြီး မျက်လုံးဝိုင်းဝိုင်းလေးများက အိမ်မကြီးအား မခို့တယို့ စူးစမ်းနေသည်။

သူ့အိမ်က တိုက်ဆိုတော့လည်း နေ့ခင်းဘက်ကျတော့ အေးတာပေါ့။ အေးချမ်းတဲ့ဒေသကလာတဲ့ကလေးက အပူဒဏ်ကို သိပ်ခံနိုင်ဦးမှာမဟုတ်သေးဘူး။ တော်ပါသေးတယ် သူတို့ရပ်ကွက်က အရိပ်ရအပင်ကြီးတွေပေါလို့ လာခဲ့တဲ့လမ်းတစ်လျှောက် အပူဒဏ်ကိုသိပ်မခံစားရတာ။

"ကဲခွန်း ဒီမှာထိုင်နေဦး ကိုကို ရေအေးအေးလေး သွားဝယ်လိုက်ဦးမယ်"

"အင့်~ ဟင့်အင်း .......ဟင့်အင်း ......"

"ဘာလိုလည်းခွန်းရဲ့ လမ်းထိပ်လေးတင်လေ ကိုကိုမြန်မြန်သွားဝယ်လိုက်မယ်"

ခေါင်းကို အသွင်သွင်ခါပြီး လက်မောင်းလာချိတ်တွယ်နေသည်က သူကိုမသွားစေချင်တာလား။အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေရမှာကိုကြောက်တာလား ။လူကောင်သေးသေးလေးမှာ သူ့ကိုယ်ပေါ်တွင် ဖားပျံလေးလိုကပ်နေသည်လေ။

" ရေက မဝယ်လို့တော့မဖြစ်ဘူး ခွန်းရ။ မီးကအခုမှဖွင့်တော့ အိမ်ကရေခဲသေတ္တာထဲက ရေဘူးတွေက မအေးသေးဘူးလေ။သွားဝယ်မှဖြစ်မှာပေါ့ လိမ်မှာတယ် နေခဲ့ဦးလေနော်"

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedWhere stories live. Discover now