(အပိုင်း-29)

608 33 0
                                    


Unicode

တစ်နေ့လုံးကားစီးလာရတော့ အညောင်းမိကြသည်နှင့် ညရောက်တော့ ပင်ပန်းစွာဘဲအိပ်ပျော်သွားကြသည်။အိပ်ယာပြောင်းသွားသောကြောင့် ကလေးငိုမည်စိုးသဖြင့် ခွန်းနဲ့ကိုကိုအကြားမှာ အခင်းလေးတစ်ခုနဲ့ ကလေးအားသိပ်ထားလိုက်သည်။

ပြတင်းပေါက်ဆို ယောင်လို့တောင်မဖွင့်ရဲ ၊ ဖွင့်မိခဲ့ရင်လည်း ဝင်ရောက်လာမည့်လေအေးတွေကို ကြောက်နေရတဲ့နေရာထက် ၊ အချိန်တိုင်းပူ... နေ့တိုင်းမီးပျက်... သတိရတိုင်းယပ်တောင်နဲ့ထခပ်နေရတဲ့ ဒီအခန်းလေးကသာ ခွန်းရဲ့ခန္ဓာကိုယ်နဲ့အသင့်လျော်ဆုံးပင်။

ကိုယ်ပိုင်သောနေရာ ကိုယ့်နေရမည့်အရိပ်အောက်တွင်ဖြစ်လို့ အိပ်စက်ချိန်မိနစ်တိုင်း ကျေနပ်မှုဝမ်းသာရတဲ့ ခံစားချက်က ဘာနဲ့မှလဲမရ။ဖေဖေတို့ဆီမှာ အေးလွန်းလို့ မွေ့ရာအထူကြီးတွေနဲ့ ဘယ်လောက်ဇိမ်ကျစွာခဲ့ရပါစေ လိုအပ်နေသည်က အမြဲတမ်းပန်ကာသံကြားနေရတဲ့ အခန်းလေးတစ်ခုသာ။

ပြတင်းတံခါးများဆီမှ လမ်းမှားဝင်လာတတ်တဲ့ စိမ့်သောလေအေးများကြောင့် ညလယ်ရောက်ချိန်တော့ သက်သောင့်သက်သာရှိစွာ အိပ်စက်ခွင့်ရကြသည်။

သင်ဖြူးဖျာကြီးကြီးတစ်ချပ်ပေါ် တစ်နေရာဆီ...တစ်ယောက်တစ်ပုံစံဖြင့် အိပ်မောကျနေချိန် ပတ်ဝန်းကျင်မှာလည်း ရပ်ကွက်ဓမ္မာရုံကဖွင့်သော တရားသံမှအပ တိတ်ဆိတ်နေခဲ့သည်။

ချည်ဘောင်းဘီ ပေါင်လယ်လေးကိုမှ စွပ်ကျယ်အပြာလေးဖြင့် ခြေကားယားလက်ကားယား အိပ်နေသောခွန်းက ပြတင်ပေါက်ဘေးတွင်အိပ်ရသော်လည်း ချွေးအထွက်ဆုံးလူဖြစ်နေ၏။

ပုဆိုးတစ်ထည်တည်းသာ ကိုယ်ပေါ်မှာရှိပြီး ဘေးတစ်စောင်းအိပ်နေတဲ့ နွေဦးကတော့ အရာရာကိုသတိရှိစွာထား၍ အိပ်စက်နေ၏။အလယ်က အကောင်ပေါက်လေးမှာလည်း လသားကလေးသာဆိုတယ် စက်ဝိုင်းတစ်ခုလို ပတ်ပတ်လည်လှည့်အိပ်နေသောကြောင့်  ခေါင်းနဲ့ခေါင်းအုံး ခဏခဏတွဲတွဲပေးနေရသည်။

တစ်စုံတစ်ယောက်ရဲ့ခြေထောက်နဲ့ မဖိမိအောင်သတိရတိုင်း ထ,ထကြည့်ရင်းက နောက်ဆိုရင်တော့ ပုခတ်အသေးလေးတစ်ခုဝယ်ဦးမည်ဟု တစ်ရေးနိုးအတွေးဝင်ပြန်၏။ မီးကပျက်နေသောကြောင့် ကလေးနှစ်ယောက်အား ယပ်တောင် ခဏခပ်ပေးကာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ အိပ်​​​ပျော်သွားပြန်သည်။

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedحيث تعيش القصص. اكتشف الآن