Unicode
" မင်းတို့ကို အချိန်တစ်ရက်ပေးမယ် မနက်ဖြန်ရောက်လို့ ပေးစရာရှိတဲ့အကြွေးတွေ အတိုးရော အရင်းရောပြန်ဆပ် ။အေးး မဆပ်နိုင်ရင်တော့ ငါဒီခြံကို အကြွေးနဲ့သိမ်းပစ်မယ် ဘာမှတ်နေလည်း"
တစ်ဖက်လူအဆင်မပြေတာ သိရက်နဲ့ ပိုက်ဆံလေး တစ်ပြားတစ်ချပ် မပေးနိုင်တာနဲ့ဘဲ ခြံရော အိမ်ပါသိမ်းမယ်တဲ့လား။ ဟက်! လူတွေက အားနည်းတဲ့သူဆိုရင် သိပ်ကိုဖိနှိပ်ချင်ကြတာ။ အခုခေတ်မြေစျေးနဲ့ဆို ခွန်းသက်တံ့ တို့ခြံက အပြင်ကနေမှန်းကြည့်ရုံနဲ့ သိန်းထောင်ကျော်ပေါက်တယ်။ဒါကိုများ ဘယ်သူ့ကို လာပြီးညာချနေတာလည်း။
" အဲ့ဒီအကြွေးတွေ ကျွန်တော်ဆပ်မယ် "
"မင်းက"
ထိုအမျိုးသမီးက နွေဦးမြင့်မိုရ်ရဲ့ ပုံအားအားကြည့်ကာ နှုတ်ခမ်းတစ်ဖက်မဲ့ပြီး ......
" အတိုးရော အရင်းရော ပေါင်းရင် နှစ်ရာကျော်တယ်"
တကယ်ပါ အပြောင်းအလဲက.......
" စောနကပြောတော့ တစ်ရာ့ရှစ်ဆယ်ဆို။လူကို လာနောက်နေတာလည်းခင်ဗျား။စကားကို ပလောင်းပလဲလာမပြောနဲ့ "
"အို.... အဲ့တာကအရင်းလေ အရင်ကတည်းက ငါကဆယ့်ငါးကျပ်တိုးနဲ့ ပေးထားတာ ကုန်စျေးနှုန်းကတတ် ဘာကတတ်နဲ့ အဲ့လောက်တော့ ရှိမှာပေါ့ မပေးနိုင်ရင် အာမချောင်နဲ့။ စီးပွားရေးလုပ်နေတာ ကလေးကစားနေတာမဟုတ်ဘူးဟဲ့"
အသံအိုးကြီးကြီး လူကောင်ကြီးကြီးနဲ့
ဘယ်ဘဝက ခေါင်းလောင်းလှူခဲ့လည်းမသိဘူး အသံနဲ့လူနဲ့ လိုက်လည်း လိုက်ပါပေတယ်။ခွန်းသက်တံံ့ကတော့ လုံးဝခေါင်းမဖော်ဘဲ ငိုနေပြီ။ သူကတော့ မိန်းကလေးနဲ့ စကားနိုင်လုနေတဲ့ ယောက်ျားကြမ်းကြီးလေ။ မိန်းမလိုမိန်းမရကောင်ကြီးပေါ့ တကယ်ပါ ......။
.
.
.
.
ကောင်းကင်၌လည်း မိုးသားတွေက မည်းမှောင်လာကာ နေအလင်းမှာ တစ်ရေးရေးနဲ့ ပျောက်ကွယ်သွားပြီ။ ပတ်ဝန်းကျင်မှာတော့ မြူတွေစိုင်းကာ မျက်နှာချင်းဆိုင် တောထဲမှလာတဲ့ မီးခိုးတွေက နေရာအနှံ့ ပျံ့နှံ့နေသည်။ အိမ်တိုင်းကလည်း ပြတင်းပေါက်များပိတ်ကုန်ကြပြီ။
VOUS LISEZ
ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completed