(အပိုင်း-20)

616 34 0
                                    

Unicode

ဒီမနက်တော့ ခွန်း စောစောထလိုက်သည်။ညက သီချင်တွေဆိုရင်း မုန့်တွေစားလိုက်နဲ့ဆိုတော့ ဗိုက်အင့်ပြီးအိပ်လို့မရခဲ့။ကိုကိုက လမ်းထွက်လျှောက်ဖို့ပြောမှ လူသူရှင်းသလောက်ဖြစ်နေတဲ့ လမ်းထဲမှာ အတူလျှောက်ပြေးကြရင်း နောက်ကျမှအိပ်ယာဝင်ခဲ့ကြသည်။

အိမ်ပြင်မှာတော့ နှင်းတွေအတော်ကျနေသည်။ဒီအတိုင်းဆို ခြံအနောက်ဘက်က ဘူသီးတွေပုပ်ကုန်ပြီပေါ့။ကိုကိုကတော့ စိတ်ညစ်နေတော့မှာဘဲ။

ပြတင်းပေါက်ဘောင်ကိုမှီရင်း ဟူးကနဲလေမှုတ်လိုက်တော့ ပါးစပ်ထဲကလေ အာငွေ့လေးတွေထွက်ကုန်သည်။အဲ့ဒီလိုလုပ်ရတာကို ခွန်းငယ်ငယ်ကတည်းက သိပ်သဘောကျတာ။ခွန်းကတောင်ကြီးမှာနေတာဆိုတော့ သိပ်မအေးတဲ့ရက်တွေမှာလည်း ဒီလိုမျိုးပြုလုပ်နေကြ။

ခွန်း အခုထိ ကိုကိုနဲ့အတူအိပ်တဲ့အခန်းထဲမှာဘဲ ရှိသေးသည်။ကိုကိုကတော့ အိပ်ကောင်းတုန်း။ရုံးပိတ်ရက်ဖြစ်တာကြောင့်လည်း ပါတာပေါ့။ခွန်းကသာ အိမ်မှာနေပြီး ဘာအလုပ်မှမယ်မယ်ရရမလုပ်တာ ကိုကိုကတော့ အလုပ်အကိုင်နဲ့ဆိုတော့ သူသိပ်ပင်ပန်းရှာတာ။

မျက်နှာသုပ်ပုဝါလေးအား တန်းပေါ်ကနေလှမ်းယူပြီး ပုခုံးပေါ်လွှားတင်လိုက်ကာ ရေချိုးခန်းထဲကိုဝင်လိုက်သည်။ရာသီဥတုကအေးပေမဲ့ သဘာဝရေအေးလေးနဲ့ဘဲ ခပ်သွက်သွက်ကလေး ရေချိုးလိုက်ကာ မျက်နှာသစ်သွားတိုက်ကိုပါ တစ်ခါတည်းလုပ်ဆောင်လိုက်သည်။

ခွန်းရေချိုးခန်းထဲကထွက်လာတော့ မေးခိုက်အောင်အေးတဲ့ခံစားချက်ကနေ တိုက်အပူပျံလို မအေးနိုင်ဘဲ  ပုံမှန်အတိုင်း ခပ်အေး​အေးဓာတ်ကိုပြန်ရတော့သည်။

ကိုကိုအိပ်နေတဲ့နေရာကိုသွားပြီး နိုးလိုက်မယ်တွေးမိပေမဲ့ စောင်ပုံထဲနှစ်ခြိုက်စွာအိပ်ပျော်နေခဲ့လို့ မနိုးတော့ပေ။ဒီ့အစား နီရဲရဲနှာသီးလေးကို တစ်ချက်အနမ်းပေးလိုက်သည်။ကိုကိုကတော့ သိတောင်မသိဘူး ။

ခွန်းအဝတ်အိတ်ထဲက အနက်ရောင် လည်ကတုံးလက်ရှည်တစ်ထည် ထုတ်ဝတ်လိုက်ပြီး အောက်ကတော့ ကျေးတစ်ရာပုဆိုးတစ်ထည်နဲ့ ရိုးရိုးရှင်းရှင်းလေးသာ ဝတ်ထားလိုက်သည်။မနေ့ညနေကမှ မိန်းမဆန်သောဆံပင်ကုပ်ဝဲလေးကို အဖျားရှူးရှူးလေးညှပ်ထားမိလို့ တော်ပါသေးရဲ့။မဟုတ်ရင် မြန်မာဝမ်းဆက်နဲ့ဂုတ်ဝဲကေနဲ့ ဟုတ်တော့ဟုတ်နေမှာဘဲ။

ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completedOù les histoires vivent. Découvrez maintenant