Unicode
"ဖေဖေ ဟိုဦးဦး အိမ်မပြန်သေးဘူးရား"
"ပြန်သွားပါပြီသားရယ် အိပ်တော့"
ဒီလတွေထဲ အိမ်မှာနေတဲ့ စိုင်းဆွေတော်မင်းကြောင့် သားလေးရောင်ခြည်မှာ သံယောဇဥ်တွေဖြစ်နေခဲ့ပြီ။ပထမဆုံးစတွေတဲ့ရက်ကတည်းက အိမ်အထိပါလာတဲ့ စိုင်းကို သျှားမင်းသစ္စာလည်း မလာပါနဲ့လို့ မနှင်ရက်ခဲ့။
ရောင်ခြည်လေးကလည်း စိုင်းဆွေတော်မင်းနဲ့ ရင်းနှီးနေခဲ့သလို အစ်မကလည်း ဘာသိဘာသာနေသောကြောင့် အဝင်အထွက်လုပ်နေလည်း မသိရင်ဘဲ သူ့ကိုယ်သူ ဒီအိမ်သားလိုလို လုပ်နေတာ။
မနေ့ကတော့ သျှားမင်းသစ္စာ မြို့ခဏတတ်သွားတာ ကလေးထိန်းနေခဲ့ပါပြောရင်းနဲ့ ကလေးမထိန်းဘဲ မြို့အထိလိုက်လာတယ်လေ။ပြောလိုက်ရင် မျက်နှာငယ်လေးနဲ့"မောင်က သစ္စာလေးနဲ့မှ မခွဲနိုင်တာဗျာ" တဲ့.... ထုသတ်ချင်စရာကောင်းပုံများ နှာဘူးထချင်လာရင် ဦးနှောက်ကနေ ဥာဏ်ရောင်စုံကွန့်မြူးနေတာ ။
အတူလာတဲ့ပရဟိတအဖွဲ့နဲ့ ပြန်သွားလို့ သူပါလိုက်သွားမလာထင်နေတာ.... ဒင်းကအိမ်လာကပ်နေရောဘဲ။
'အေ့... သစ္စာမရှိဘူး သစ္စာရေ... ဒီလိုနဲ့ဝေးရတော့မယ် အဟီးးး'
သူ့အကြောင်းတွေးနေရင်း ကြားရပါပြီ အရက်သမားရဲ့ ပေါက်ကွဲသံစဥ်တွေ...
"ဖေဖေ အဲ့သာ ဦးဦးအသံ ဟုတ်သယ်မရား"
"ဟင်းး ဘယ်က အရက်သမားလည်းမသိပါဘူး ။ဖေ့သားလေး အိပ်နေဦး ဖေ အိမ်ရှေ့ကအရက်သမားနဲ့ စကားသွားပြောလိုက်ဦးမယ်"
လိုက်ကာတစ်ခုဖြင့် အကာအရံလုပ်ထားတဲ့အခန်းထဲက ထွက်လာခဲ့ပြီး ပုဆိုးကိုသေချာပြင်ဝတ်လိုက်သည်။ဝါးကြမ်းခင်းတွေပေါ်က ခြေသံလုံလုံနဲ့ဖြတ်လျှောက်ခဲ့ရင်း အိမ်ရှေ့တံခါးဖွင့်တော့ တွေ့ပါပြီ ပညာတတ်အရက်သမား။
"အေ့... မောင့်သစ္စာလေး အခုမှဘဲတံခါးဖွင့်တော့တယ်ကွာ မောင်ဒီမှာ ခြင်တွေကိုသွေးလှူနေရတယ် အင်းး"
ပုဆိုးကို ခပ်တိုတိုဝတ်ပြီး အိမ်ရှေ့ဖိနပ်စင်မှာ အကျအနထိုင်နေသူ စိုင်းဆွေတော်မင်း အခုမှတံခါးလာဖွင့်တဲ့ သျှားမင်းသစ္စာအား မျက်လုံးမပွင့်တစ်ပွင့်နဲ့ မောကြည့်သည်။
YOU ARE READING
ခွန်း ( ကိုယ့်ရဲ့ဖြစ်တည်မှု) completed